Part-10(uni)

34 6 4
                                    

ဒေသခေါ်အမည်
မြန်မာ: ခွန်ဆာ
မွေးနာမည်- စိုင်းဆာ
မွေးဖွား- ၁၇ ဖေဖော်ဝါရီ ၁၉၃၄
လိုင်မော်၊ မိုင်းရယ်၊ ဗြိတိသျှဘားမား
ကွယ်လွန်- အောက်တိုဘာ ၂၆၊ ၂၀၀၇ (အသက် ၇၃)
ရန်ကုန်မြို့၊ မြန်မာနိုင်ငံ
သစ္စာခံနိုင်ငံ- မုန်တိုင်းတပ်မတော်
ရှမ်းပြည်နယ်တပ်ပေါင်းစုတော်လှန်ရေးတပ်မတော်
ရာထူးအဆင့်-စစ်ဦးစီးချုပ်
တိုက်ပွဲ/စစ်ပွဲများ- မြန်မာပြည်တွင်း ပဋိပက္ခ
အခြား အလုပ်- Shan warlord

<ခွန်ဆာ၏ငယ်ဘဝ>

၁၉၃၇ ခုနှစ်၌ ဖခင်မှာကွယ်လွန်ခဲ့ပြီး မိခင်သည် မိုင်းတွမ်းမြို့စား ခွန်ကြည်နှင့် လက်ထပ်လိုက်သည်။ ၁၉၃၉ ခုနှစ်၌ မိခင်ကွယ်လွန်ခဲ့ပြန်ရာ ဘထွေးနှင့် အတန်ကြာနေထိုင်ပြီး အဘိုးက ပြန်မွေးစားသည်။ ဦးလေးဖြစ်သူ ခွန်ကြာက ထိန်းကျောင်းပေးသည်။

<လက်နက်ကိုင်ဘဝ>
ငယ်စဉ်က ကူမင်တန် တရုတ်ဖြူတပ်မှာ အမှုထမ်းခဲ့သည်။ နောက်ပိုင်းတွင် ကူမင်တန်မှ ခွဲထွက်ပြီး နောက်လိုက် ရာဂဏန်း အနည်းငယ်ဖြင့် ကိုယ်ပိုင်တပ်ကို တည်ထောင်ခဲ့သည်။

၁၉၆၀ ခုနှစ်တွင် မြန်မာအစိုးရ ဩဇာခံ လွယ်မော်ကာကွယ်ရေးတပ် အဖြစ် ပြောင်းလဲခဲ့သည်။ ငွေ၊ ဝတ်စုံနှင့် လက်နက်များကို ရယူပြီး ရှမ်းပြည်တပ်မတော် (Shan State Army)ကို တိုက်ခိုက်ပြီးနောက် တပ်အင်အား ၈၀၀ အထိ တိုးချဲ့အားကောင်းလာသည်။

၁၉၆၄ ခုနှစ်၌ ငါးဆယ်ကျပ်နှင့် တစ်ရာကျပ်တန်များကို တော်လှန်ရေးကောင်စီက ဖျက်သိမ်းရာ တောခိုပြီး ထိုင်းနယ်စပ် ဘန့်ဟင်တိုက်တွင် အခြေပြုသည်။ ရှမ်းနှင့် ဝ နယ်မြေများအတွင်း နယ်ပယ်ချဲ့ပြီး ဘိန်းထုတ်လုပ်မှု တိုးမြှင့်ခဲ့သည်။

၁၉၆၇ ခုနှစ်တွင် ရှမ်းပြည်နယ် အတွင်းရှိ ကူမင်တန် အကြွင်းအကျန် တပ်များနှင့် မသင့်မမြတ် ဖြစ်ပြီး အင်အား ဩဇာ ကျဆင်းခဲ့သေးသည်။

၁၉၆၉ ခုနှစ်တွင် မြန်မာအစိုးရက ဖမ်းဆီး၍ မန္တလေးထောင်၌ ထိန်းသိမ်းရာ သူ၏တပ်က တောပြန်ခိုသွားသည်။ ခွန်ဆာ၏လက်ထောက် တပ်မှူးဖြစ်သူက တောင်ကြီးမြို့၊ စဝ်စံထွန်းဆေးရုံတွင် လာရောက်တာဝန်ထမ်းဆောင်နေသော ရုရှားဆရာဝန် ၂ ဦးကို ဖမ်းဆီးကာ ခွန်ဆာနှင့်လဲလှယ်ရန် တောင်းဆိုခဲ့သဖြင့် ၁၉၇၄ ခုနှစ်တွင် ပြန်လွတ်လာသည်။

သိပ်ချစ်တာမင်းသိပါစေWhere stories live. Discover now