Part-8(uni)

33 7 2
                                    

"ဟား သည်လောက်ထိသစ္စာရှိနေတာလဲမဆန်းပါလား Snake တို့လူပဲ"
ထို့နောက်သူသည် ခုံတန်းအရှည်ပေါ်ပြန်သွားကာ သူ့လက်သွယ်သွယ်လေးတွေပေါ်က သံပုရာရေနှင့် သွေးစအချို့ကိုသုတ်လိုက်သည်။ခုံတန်းရှည်ပေါ်က Silent Sniperကိုယူ၍ ထိုလူကိုချိန်လိုက်သည်။ထိုသို့ချိန်လိုက်သည်နှင့်တစ်ပြိုင်နက် လက်တည့်လွန်းသော သူသည်ထိုလူ၏ လည်ဇလုတ်အားပစ်လိုက်သည်။

"ကဲ လူးဝစ် Snake ကိုသူ့ရဲ့သစ္စာရှိလှပါချည်ရဲ့ဆိုတဲ့တပည့်ကောင်းလေးကိုပြန်ပို့လိုက်ချေ။"
"ဪ ဒါနဲ့ သူ့လျှာကိုပဲဖြတ်ပြီးပို့နော်"
"ခင်ဗျာ "
"ကိုယ်ပြောတဲ့အထဲဘာနားမလည်တာရှိလို့လဲ"
"မ...မရှိပါဘူးဆရာ"
"ကောင်းပြီ သေချာပို့ပေးလိုက်"
"ဟုတ်ကဲ့ဆရာ" လူးဝစ်သူ့ဆရာ၏စကားကြောင့် ကြောင်လျက်သားပင် ပုံမှန်အချိန်၌အလွန်နွေးထွေးသောသူကအခုနောက်ပိုင်းပိုရက်စက်လာသည်။သူနှင့်ဆရာက ညီအစ်ကိုဆက်ဆံရေး၌ရှိနေပေမဲ့ သူသည်စီနီယာဖြစ်သည့်အလျောက် ဆရာ့ကိုညီအစ်ကိုလိုပေါင်းလျှင် သူ့ဂျူနီယာများကဆရာ့အပေါ် ကိုမလေးမစားဆက်ဆံလာမည်ကိုသူသဘောမကျချေ။ယခုနောက်ပိုင်း သူ့ဆရာက ကောင်ငယ်လေးတစ်ယောက်ကြောင့်ဆက်ဆက်ထိမခံဖြစ်လာသည်။ထိုကောင်လေးကဘယ်သူလဲ/ဘယ်ကလဲ လူးဝစ်လဲအစနပင်မသိရချေ။
"ကဲဒါက ဒီတစ်ခေါက်မင်းတို့ရှာဖွေရမဲ့အချက်လက်တွေပဲ"
ပရော်ဂျက်တာပေါ်မှ ပေါ်လာသည့်ရုပ်ပုံနှင့်စာများကိုသေချာနားလည်အောင် အဖွဲ့သားများအားရှင်းပြနေရသည်။
"လူးဝစ် နဲ့ တယ်လီယာ မင်းတို့ကခန်းမထဲမှာအခြေနေစောင့်ကြည့်ပေး. တယ်လီယာကတော့ လိုအပ်ရင်ဆေးအကူအဖြစ်လဲရှိရမယ် ငါပြောတာနားလည်လား"
"ဟုတ်......."
လူးဝစ်နဲ့တယ်လီယာမှာ ပျင်းရိပျင်းတွဲဖြင့် အသံကိုစွဲကာပြောလိုက်သည်ကြောင့် နဂိုကတည်းကထွက်နေသောဒေါသအားလာစွနေသလိုပင်။လူးဝစ်မှာ ညီတစ်ယောက်လိုဖြစ်နေသော်လည်း အလုပ်ကိစ္စနှင့်ပတ်သတ်လျှင်တော့အလျော့ပေးလို့မဖြစ်ချေ။

"မင်းတို့ကိုအလုပ်ချိန်မှာ ပျင်းရိပျင်းတွဲမနေဖို့ပြောထားတယ်မဟုတ်ဘူးလား။အခုလိုမင်းတို့ပျင်းနေပုံနဲ့ဆို ငါမရှိတော့ရင်မင်းတို့ထဲကဘယ်သူတာဝန်ယူပြီးအဖွဲ့ကိုဆက်ထိန်းချုပ်ကြမှာလဲ ဟမ်!!ဘာလဲ မင်းတို့ကထိန်းသိမ်းရေးစခန်းမှာတစ်လထပ်နေချင်နေကြတာလား ဟမ်!!မေးတာဖြေလေ"
"သူချည်းပဲပြောသွားတာကို ငါတို့ကဘာဖြေရမှာလဲ"
လူးဝစ်မှာစိတ်ထဲကပင် ပြန်ပြောနေလိုက်သည်။ဒီလိုမေးနေကတည်းထဲသေချာပေါက် ဒီMissionပြီးတာနှင့် သူနဲ့တယ်လီယာသေချာပေါက် ထိန်းသိမ်းရေးစခန်းရောက်ရမည်။"သေလိုက်တော့ လူးဝစ်ရေ အဲ့ပျင်းရိစရာကောင်းတဲ့ ထိန်းသိမ်းရေးစခန်းမှာအနားသွားယူပေဦးပေါ့ကွာ"ဟုကိုယ့်ကိုကိုယ်အားပေးနေလိုက်သည်။အတွေးများပင်မဆုံးလိုက် သူတို့Bossထပြောပုံကြောင့်ပိုသေချာသည်ကိုတွေ့ရှိသွားသည်။"ဘုရားသခင်ကယ်တော်မူပါ"
"နောက်တစ်ပတ်အတွင်းမှာMissionရှိမယ်။Missionမတိုင်ခင်တစ်ရက်အလိုမှာ ထပ်ပြီးMeetingခေါ်မယ်။Missionဆင်းပြီးတာနဲ့မင်းတို့ထိန်းသိမ်းရေးစခန်းမှာ တစ်ပတ်နေရမယ်"

ထင်ထားသလိုတစ်လမဟုတ်ပဲ တစ်ပတ်ဆိုသောကြောင့် လူးဝစ်နှင့်တယ်လီယာမှာပြုံးစပြုလိုက်သည်။ရိုးအီနေတဲ့စည်းကမ်းတွေကို သေလောက်အောင်မှတ်ရပြန်ဦးမယ် သို့သော်တစ်ပတ်ဆိုသောကြောင့်တော်ပါသေးသည်။အပြင်မှာတော့ထမအော်ရဲ သူတို့Bossအကြောင်းသူတို့အသိပင် တော်ကြာတစ်ပတ်ကနေ တစ်လဖြစ်နေမှဖြင့်မတွေးရဲစရာ။ဆရာထွက်သွားသည်နှင့် တယ်လီယာမှာ လူးဝစ်ကိုစကားစလိုက်သည်။
"ဟဲ့ လူးဝစ် ဆရာကဘာလို့အခုတောတွင်းတာဝန်တွေအရမ်းယူနေရတာလဲ"
"ခုဏက သူပြောတဲ့ထဲ ငါမရှိတော့ရင် ဆိုပြီးပါနေတာဆိုတော့ ဆရာကဘယ်များသွားမလို့လဲ သေချာတာကတော့ တာဝန်ကြောင့်များလား"
"အေးနော် ဆရာနဲ့မခွဲချင်ပါဘူးဟာ"
"ဆရာက ပြန်လာမှာလေ ပြီးရင်ဆရာကအလုပ်စလုပ်ကတည်းက ငါတို့နဲ့တူတူရှိလာတာ ဘယ်သွားသွားခေါ်မှာပါ"
စကားပြောပြီးသည်နှင့် လျှို့ဝှက်ခန်းထဲမှပြန်ထွက်လာလိုက်ကြသည်။

#Ta
Taအဖွားကမျက်စိခွဲထားတော့ Taလဲအလုပ်တွေမအားတာနဲ့သိပ်မတင်ဖြစ်တာပါ..နောက်ကျသေချာမှန်မှန်တင်ပေးပါမယ် ဖတ်ပြီးတော့ဝေဖန်ပေးကြပါဦးဗျ.🥺

သိပ်ချစ်တာမင်းသိပါစေWhere stories live. Discover now