Part-7(uni)

31 7 2
                                    

~~~~~~~~~
မီးယောင်ဖျဖျကလေးသာရှိသည့် မှောင်မိုက်​သောအခန်းငယ်တစ်ခုထဲ၌ လူငယ်၁၀ယောက်ခန့်ရှိနေသည်။ထို၁၀ယောက်အနက် တကိုယ်လုံးအနက်ရောင်ဖုံးလွှမ်းလျက် မျက်ဝန်းမှာအေးစက်လျက်ပင်ရှိသည်။ထိုကောင်လေး၏ နားအနောက်ဘက်၌ အသက်ရှိနေသည်ဟုတောင် အထင်မှားလောက်သော လိပ်ပြာငယ်ပုံကလေးကိုTattooထိုးထားလေသည်။ဤပုံမှာ ရိုးရှင်းသည်ဟုထင်ရသော်လဲ ထိုလိပ်ပြာ၏ အတောင်ပံတစ်ဖက်စီ၌ရေမတွက်နိုင်သော သင်္ကေတများနှင့်ဆောင်ပုဒ်များရှိလေသည်။လိပ်ပြာဆိုသည့်အတိုင်းပင် သူတို့ဂိုဏ်းအား သစ္စာဖောက်သူမှန်သမျှကို လိပ်ပြာနှုတ်ယူတတ်သည်။ထိုလူသည် ဘေးဖက်ကိုတစ်ချက်လှည့်ကြည့်လိုက်သည်။ခုံတန်းရှည် သည်အရာကိုမြင်သည်နှင့် သူ့နှုတ်ခမ်းများကိုကွေးနေအောင်ပြုံးမိလိုက်သည်။ထိုခုံတန်း၌ လူတစ်ယောက်ကိုသာသာလေးနှင့် နှိပ်ဆက်၍ရသော လက်နှက်များကို စီရီ၍တင်ထားသည်။သူ အဲ့နေရာကိုထိုင်ခုံမှထကာ တစ်လှမ်းချင်းလျှောက်သွားသည်။ထို့နောက် ထိုခုံတန်းပေါ်မှ အပျော့ဆုံးဟုထင်ရသည့် ခဲတံချွန်သည့်ဓားသေးလေးကိုယူလိုက်သည်။ဤဓားသည် မည်မျှပင်သေးစေကာမူ ဘယ်လောက်ထိနာကျင်မှုကိုပေးနိုင်သည်လဲဆိုတာ သူအသိဆုံးပင်။သူငယ်ငယ်က ခဲတံကိုချွန်ရင်း ဘယ်ဘက်လက်ကိုဓားဖြင့်လှန်ဆွဲလိုက်သလိုဖြစ်သွားသေးသည်။သူငိုတော့ ဒယ်ဒီက ပိုဆူသည်။ထို့နောက်တွင် ဒယ်ဒီနှင့်မာမီသည် သူ့အားသန်မာသည့်လူတစ်ယောက်ဖြစ်အောင် သေချာထိန်းကွပ်ခဲ့သည်။ထို့ကြောင့်တော်ရုံကိစ္စသည် သူ့အားမတုန်လှုပ်စေ။အတွေးများကိုရုတ်သိမ်းကာ သူ့စိတ်ကိုလက်ရှိအခြေနေသို့ပြန်ဆွဲခေါ်ခဲ့လိုက်သည်။ထိုခဲတံချွန်သည့်ဓားအားကိုင်ကာ လက်နှစ်ဖက်မြှောက်ကာအဝတ်ဗလာနှင့် လူရဲ့ရှေ့သို့သူရပ်လိုက်သည်။သူ့အရှေ့ကသူကိုသူကြည့်လိုက်သည်။

"ကျစ်...အိပ်နေတာပဲ"
"ရေပေးစမ်း..."

ထို့နောက်လာပေးသောရေကိုယူ၍ သူ့အရှေ့ကလူအားပတ်လိုက်သည်။မျက်နှာကိုအပတ်ခံလိုက်ရတာကြောင့် သူ့မှာရုတ်တရက်ပင်လန့်နိုးလာသည်။
"ဪ နိုးလာပြီလား..ဘယ်လိုလဲ အခုပြောပြတော့မှာလား"

သိပ်ချစ်တာမင်းသိပါစေWhere stories live. Discover now