Part-11(uni)

39 7 6
                                    

"ကဲ..မင်းတို့ကလဲ အပြင်တစ်ခါထွက်ခါနီး ကိုက်နေလိုက်ရမှ"
ဘုရားကြီးအနားမှ မုန့်တီသောက်ပြီးသောအခါပြန်လာခဲ့လိုက်ကြသည်။မင်းရှိန်းဇခန့် အိမ်၌ခဏဝင်နားကြမည် ဟုဆိုကာ ဝင်နားလိုက်ကြသည်။
တီး တောင်!! တီးး တောင်!!! အချိန်ကား ညနေ၅နာရီခွဲ၆နာရီခန့်ပင် ဘယ်သူလာတာလဲလို့ မင်းရှိန်းဇခန့်လဲစဉ်းစားနေမိသည်။

"ကောင်းရေ ဘယ်သူလဲမသိဘူးထဖွင့်လိုက်ပါဦး"
"မင်းထဖွင့်လိုက်လေကွာ ဒီမှာငါအဝတ်တွေလှန်းမလို့လုပ်နေတယ်လေ"
"မင်းကလဲ သိရဲ့သားနဲ့သူကဒီလိုအချိန်တွေဘယ်တုန်းက ထွဖွင့်ပေးဖူးလို့လဲ"
ကန်စွန်းရွက်ချွေနေသော မင်းမြတ်ခန့်မှာစကားဆိုလာသည်။အကြောင်းကား ဒီလိုနေဝင်ရီသရောအချိန်တွေက နာနာဘာဝတွေထွက်သောအချိန်ဖြစ်သည် ဟုသူကြားဖူးထားသောကြောင့်ဖြစ်သည်။တခါ၌လည်း သူBellမြည်သံကြားလို့ တံခါးအပေါက်ကလေးကကြည့်သော် မိန်းကလေးတစ်ယောက်က မိိမိတို့ဘက်ကျောပေးရပ်နေသည်ကိုတွေ့၍ အလျှင်မြန်ဖွင့်ကြည့်ရာ မတွေ့တော့ချေ။အဲ့သည်နေ့ကတည်းက မင်းရှိန်းဇခန့်သည် ဒီလိုအချိန်၌မည်သည့်အခါမျှ ဘယ်သူလာလာ တံခါးထဖွင့်မပေးတော့ချေ။

"ကဲ အစ်ကိုပဲသွားဖွင့်ပေးတော့မယ် အလကားကြောက်စရာမရှိ ကြံဖန်ကြောက်နေကြတယ်"
"ကိုလင်း တံခါးပေါက်ကကြည့်ဦးနော်"
မင်းရှိန်းဇခန့်ပြောသည့်အတိုင်းပင် တံခါးပေါက်ကနေမျက်စိတစ်ဖတ်မှိတ်ကာ ချောင်းကြည့်လိုက်သည်။မိန်းကလေးတစ်ယောက်ပါလား ဘယ်ကလာတာပါလိမ့်။
"မင်းရှိန်းဇခန့် မင်းတို့မှာသူငယ်ချင်းမိန်းကလေးရှိလား"
"နည်းနည်းပါးပါးရှိတယ်အစ်ကိုဘာဖြစ်လို့လဲ"
"ဒီမှာမိန်းကလေးတစ်ယောက်ရပ်နေလို့"
"ခင်ဗျာ"

လင်းမြတ်လဲစဉ်းစားမနေတော့ပဲ တံခါးဖွင့်လိုက်သည်နှင့် လက်မြန်သူပီပီ ဂွက်ခနဲ မြည်အောင်ခေါင်းအားခေါက်လိုက်မိသည်။
"အားးး"
"ဟင်"

အော်သံကြားမှလူမှန်းသိတော့သည်။အော်သံကြောင့် အထဲကလူတွေလဲ အပြေးထွက်လာကာ.....
"ကိုလင်းဘာဖြစ်လို့လဲ ဘယ်သူလာတာလဲ"
"ဟင်...Stella နင် Stellaမဟုတ်လား"
"အေးငါလေ နင်တို့ကလဲဟယ် အကြာကြီးပဲလာမဖွင့်ပေးပဲ ဘာလုပ်နေကြတာလဲ....ဒီအစ်ကိုကြီးကရောဘယ်သူလဲ"
"လာပါ အိမ်ထဲအရင်ဝင်ဦး"
မင်းရှိန်းဇခန့်က တွေ့ကတည်းကဘာမှမပြောပေမဲ့ ကောင်းနှင့် ခန့်ကတော့အိမ်ထဲခေါ်လိုက်သည်။
"ဒါကကိုလင်းမြတ်သုတ ငါတို့ကျောင်းမှာငါတို့ရဲ့စီနီယာပေါ့"
"ကိုလင်း သူ့နာမည်ကStella ကျွန်တော်တို့သူငယ်ချင်းပဲ"
"ဪ အေးအေး"

သိပ်ချစ်တာမင်းသိပါစေWhere stories live. Discover now