Part-14(uni)

75 5 4
                                    

"အား!!!!ပျင်းလိုက်တာ။အားတင်းထား လူးဝစ်ရေ မနက်ဖြန်ဆိုပြန်ရပြီ"

လူးဝစ် တစ်ယောက်စိတ်ညစ်ညစ်နှင်ညည်းမိသည်။ဒီမှာလေ့ကျင့်ရေးချည်းလုပ်နေရတာ တော်တော်ပျင်းဖို့ကောင်းသည်။နောက်ဆိုသူ မီတင်၌ပျင်းရိပျင်းတွဲ မလုပ်တော့ဟုဆုံးဖြတ်ချက်ချလိုက်သည်။တယ်လီယာကမူ Idအပိုင်းအားလုပ်ကိုင်ရသူမို့ လေ့လာစရာကအဆက်မပျက်ပင်။သည်နေ့တော့ လူးဝစ်နှင့်အတူ တယ်လီယာပါ sniper နှင့် လေ့ကျင့်ရမည်။

"ငါကတော့ ရန်ကုန်အမြန်ပြန်ချင်နေပြီ တယ်လီယာရေ။ဆရာတစ်ယောက်အဆင်ပြေရဲ့လားမသိဘူး"
"ပြေမှာပါ။ဆရာက ဒီလောက်ကအသေးမွှားပဲ"

"ဟေး မင်းတို့ကိုလေ့ကျင့်ဖို့အတွက်အသင့်ပြင်ခိုင်းထားတာလေ ဘာလို့စကားများနေတာလဲ။မိန်းကလေးနဲ့ ယောကျာ်းလေးပူးပူးကပ်ကပ် မနေရဘူးဆိုတာနားမလည်ဘူးလား။ဘာတွေများအရေးကြီးနေလို့ပြောနေကြတာလဲ လေ့ကျင့်ရေးပြီးတာနဲ့ ကွင်းကို၁၀ပတ် ပတ်ပြေးပြီး ဒိုက်အခါ ၂၀ထိုးကြ"

Xander မှာတပ်ကြပ်ပီပီ ဟိန်းလားဟောက်လား အရမ်းလုပ်၍ သူ့အားမည်သူမှမကြည်ပေ။သူတို့ဆရာမရှိသည်နှင့် သူတို့အားအမြဲဟောက်နေတတ်သည်။ "ရန်ကုန်ရောက်မှ ဆရာနှင့်အရင်တိုင်ဦးမယ်"ဟုလူးဝစ် စိတ်ထဲကြုံးဝါးလိုက်သည်။ထို့နောက်လေ့ကျင့်ရေးပြီးတာနှင့် ကွင်းအားအပတ်၂၀ပြေးရတော့သည်။ပထမကမူ ၁၀ပတ်ပြေးရမည်ဖြစ်သော်လဲ တယ်လီယာမှာ ပစ်မှတ်လွဲသွားသဖြင့် ၁၀ပတ်တိုးခံလိုက်ရခြင်းပင်။

"နဂိုကတည်းက သေနတ်မပစ်ချင်လို့ ဆေးတပ်သားနဲ့Idလုပ်ပါတယ်ဆို။ငါ့ကိုSniper လာကိုင်ခိုင်းတော့ နင့်အမေငါတယ်လီယာက လုပ်တတ်မှာတဲ့လား။ရန်ကုန်ရောက်မှ ဆရာနဲ့တိုင်မယ်"

တိုက်ကွမ်တို ခါးပတ်နက် ရထားသော်လည်း သေနတ်မကိုင်ချင်။Mission တော်တော်များများတွင် သူ့လက်စနှင့်ဒဏ်ရာရသူတော်တော်များများရှိသည်။သေနတ်နှင့်လာတဲ့သူကို လက်ဗလာနှင့်ဝင်ဝင်တိုက်သော သူ့အား ဆရာမှာအမြဲဆူနေကျပင်။

~~~~~~~~~~~
"အား.....ရန်ကုန်ရဲ့အငွေ့သက်လေးကိုတအားလွမ်းနေတာ"
"သွားရတာကအချိန်နည်းနည်းလေးကို အပိုတွေလာပြောနေတယ်"
တွေ့နေရလျှင်အမြဲ စကားနာထိုးနေတတ်သောသူနှစ်ယောက်ကြောင့်JAXမှာပြုံးမိသည်။ဒယ်ဒီမရှိတော့ကတည်းက သူတို့နှင့်နေသားကျလာသော JAXမှာသူတို့ကိုညီမလေး ညီလေးထက်ပင်ပိုနေပါသည်။

သိပ်ချစ်တာမင်းသိပါစေWhere stories live. Discover now