Part-22(uni)

8 1 0
                                    

ဆိုင်မှာ လိုချင်တာသွားဝယ် အဲ!လိုချင်တာသွားယူခဲ့ပြီးနောက် ဆေးလိပ်သောက်ရန် smoking areaဘက်သို့ထွက်ခဲ့သည်။ရုတ်တရက် တစ်နေရာမှ ပစ္စည်းကျကွဲသံကြောင့် သွားကြည့်မိသည်။

"မလုပ်ပါနဲ့ ကျွန်တော်မသောက်နိုင်လို့ပါ"

"အသားနာချင်လို့လား ကောင်းကောင်းပြောနေတာသောက်"

အချေအတင်ဖြစ်နေကြသော ကောင်လေး၂ယောက်တွင် တစ်ဖက် လူမှာ အနည်းငယ်ဝကာ ဂိုဏ်းတစ်ခုကလူနှင့်ဆင်သည်။အသက်အားဖြင့် ၄၀နီးပါးလောက်ပင်။ထိုလူဘေးတွင် သူ့လူဟုထင်၍ရသောလူ၅ယောက်ခန့်ရှိသည်။
တစ်ဖက်ကောင်လေးကတော့ အသက်၂၀နီးပါးလောက်ရှိလောက်ကာ ဆံပင်အရောင်ကို ခရမ်းရောင်အနုလေး ဆိုးထားသည်။

"မသောက်ချင်တာ ခင်ဗျားကဘာလို့အတင်းတိုက်နေတာလဲ"

"တောက်!မင်းကဘာကောင်မလို့ ငါ့လာပြောနေရတာလဲ။"

"ဘာကောင်လဲဆိုတော့ မင်းကိုဆုံးမမဲ့ကောင်။မင်းလိုအသေးစားဂိုဏ်းကကောင်တွေက ဒီလိုမျိုးပဲ လမ်းပေါ်က ကလေးတွေကိုလိုက်အနိုင်ကျင့်တက်တာလား။Bossကိုပြောမှရမယ် နေဦး"

"Hello,Jayပြော"

"Hello,Boss ဒီမှာဗျာ ဘယ်ဂိုဏ်းကကောင်တွေလဲမသိဘူး ကလေးတစ်ယောက်ကို အနိုင်ကျင့်နေတာ ကျွန်တော်ဘာလုပ်လိုက်ရမလဲ"

"ကြိုက်တာလုပ်ခဲ့လိုက်"

Bossအမိန့်ရပြီးတာနဲ့ ထိုလူဘက်ကိုလှည့်၍ မျက်စိတစ်ဖက်မှိတ်ပြကာ ပြုံးလိုက်သည်။ထိုလူမှာလဲသတ္တိမနည်းလှ ကြောက်သည့်ပုံမပေါ်။

"ကျစ်!မေ့နေလိုက်တာ Bossနာမည်ပြောရဦးမှာပဲ။မှတ်ထား Jax LEOတဲ့။ဒါပေမဲ့ မင်းတို့ကတော့အပြည့်စုံခေါ်ခွင့်မရှိဘူး။"

"Jax LEO...ဒါဆိုမင်းက Jay"

"ဘယ်ဆိုးလို့လဲ။မင်းကမအဘူးပဲ။"

"ငါ...ငါအမူးလွန်သွားလို့ပါကွာ။ဒီကောင်လေးကိုလဲ လွှတ်ပေးလိုက်ပါမယ်။"

သိပ်ချစ်တာမင်းသိပါစေWhere stories live. Discover now