Part-16(uni)

17 2 2
                                    

မန္တလေးသို့ပြန်လာသော မင်းရှိန်းဇခန့်တို့တစ်သိုက်သည် ကံကောင်းသောအားဖြင့် စျေးပွဲတော်ရက်၌ပြန်ရောက်ကြသည်။ထုံးစံတိုင်းပင် ရဟတ်စီးချင်သည်ဆိုတော့ မင်းရှိန်းဇခန့်ကြောင့် အမြင့်ကြောက်တတ်သော လင်းမြတ်သုတမှာလိုက်စီးရပြန်သည်။

ထိုစျေးပွဲတော်ကပြန်ပြီးနောက် သူတို့သည် မန္တလေးကျုံးရှေ့သို့ပြန်သွားကြပြန်သည်။ခဏကြာပြီးနောက်တွင်တော့ မင်းရှိန်းဇခန့်အိမ်သို့ပြန်လာလိုက်ကြသည်။
ညကအလုပ်ကိစ္စကြောင့်ရော သူနောက်ကျမှအိပ်ရာဝင်ခဲ့သဖြင့် မနက်၌လဲနောက်ကျမှပင်နိုးသည်။

နိုးနိုးချင်း မင်းရှိန်းဇခန့်တို့အား လိုက်ရှာသော်လည်းမတွေ့ရချေ။ဖုန်းဆက်တော့မင်းရှိန်းဇခန့်ဖုန်းက အခန်းထဲ၌ကျန်ခဲ့သည်။
တီ!တီ!တီ!
"Hello,ကောင်း ပြော"
"ဘာ!! အခုဘယ်မှာလဲလာခဲ့မယ်"
~~~~~~~~~~~~~~~~~
မနက်စောစောန်ိုးနေသဖြင့် မနက်စာထွက်စားရန်သူငယ်ချင်းသုံးယောက် ထွက်ခဲ့ကြသည်။စတိုးဆိုင်ထဲကထွက်လာ၍ တစ်ဖက်ခြမ်းကိုရောက်နေသော်လည်း မင်းရှိန်းဇခန့်မှာ ဆေးလိပ်ဝယ်ရန်ပြန်ကူးသွားခဲ့သည်။ရှိန်း ထွက်ဖို့ပြင်ကာမှ သူတို့နှင့်၃ပေလောက်၌ရှိသော ကားတစ်စီးမှအရှိန်တင်လာသဖြင့် အချင်းချင်းရိပ်စားမိကာ ရှိန်းအား လှမ်းဆွဲသော်လည်းမမှိီလိုက်ပေ။ကားအရှိန်ကြောင့် ရှိန်းမှာလေပေါ်၌ မြောက်တက်သွားကာသူတို့နှင့် အဝေးကိုလွင့်သွားသည်။

"ရှိန်းးး"

ကောင်း မှာအော်ခေါ်သော်လည်းမမှီလိုက်။ထိုကားအားပြန်လှည့်ကြည့်သော် နံပါတ်ပြားမတပ်ထားသဖြင့် ရည်ရွယ်ချက်ရှိရှိကြံစည်ထားမှန်းသိသလို ဘယ်သူ့လက်ချက်ဆိုတာပါ ရိပ်မိလိုက်သည်။ထို့နောက် ရှိန်းရှိရာကို ခန့်နှင့်အတူပြေးသွားကာ သူတို့လက်ထဲ၌ ရှိနေသော ရှိန်းအား အော်ခေါ်နေသော်လည်း ပြန်မထူးလာ။

ကောင်းနှင့်ခန့်မှာ သူ့ညီလေးလိုချစ်ရတဲ့သူငယ်ချင်းကြောင့် ဝမ်းနည်းမှုကြောင့်တုန်ရီနေသည်။

"ခန့်...ခန့်.. ရှိန်း ရှိန်းကိုဆေးရုံပို့ရအောင် ခေါ် ခေါ်ပါဦး"

သိပ်ချစ်တာမင်းသိပါစေWhere stories live. Discover now