Part-23(uni)

14 1 0
                                    

အပြင်မှာကတော့ရာသီဥတုက သာယာနေသယောင်။သို့သော် ကျွန်တော့စိတ်ထဲတွင်တော့ မိုးအုံ့ကာမကြာခင် ပြိုကျတော့မည့် တိမ်တွေလိုပင်။အကယ်၍ကိုလင်းသာJax LEOဆိုရင်ဘယ်လိုလုပ်မည်လဲ။ဒယ်ဒီနဲ့လဲတည့်မည်မဟုတ်။သိချင်လှသည်။Bodyguardပါလုပ်ပေးသည်တဲ့ အဲ့မှာသာကိုလင်းပါလျှင် သူအန္တရာယ်များလေသည်။တကယ်ပဲကိုလင်းကအဲ့ဂိုဏ်းကလား။ဟင့်အင်း မဖြစ်နိုင်ဘူး မင်းရှိန်းဇခန့် မဟုတ်တာတွေမတွေးနဲ့ ကိုလင်းကဒီလောက် အေးအေးဆေးဆေး နေတဲ့သူကို မဖြစ်နိုင်တာပါ။

"မင်းရှိန်းဇခန့် ဘာတွေငေးနေတာလဲ"

"ဟျောင့် ရှိန်း မင်းကိုတီချယ်မေးနေတယ်လေ"
"မင်းရှိန်းဇခန့်!!!!!!"
"ဗျာ....ဗျာ"

"ဘယ်တွေကိုငေးနေလို့ ငါခေါ်နေတာတောင်မကြားရတာလဲ"

"မဟုတ် မဟုတ်ပါဘူး တီချယ်။ကျွန်တော် ခေါင်းနည်းနည်းမူးနေလို့ပါ"

ဘယ်လောက်တောင် အတွေးလွန်နေသည်လဲမသိ။ဆရာမခေါ်တာလဲမကြား ဘေးက သိုက်ကောင်းခန့် ခေါ်တာကိုလဲမကြားပေ။ဘာဖြစ်မှန်းမသိပေမဲ့ စိတ်ပူနေမိသည်။

ကန်တင်း၌>>>>>

"မင်းဒီနေ့စိတ်တွေဘယ်လွင့်နေတာလဲ"

"မလွင့်ပါဘူးကွာ"

"လွင့်နေပါတယ်။ပြော ဘာကူညီရမလဲ"

"ဒီလိုကွာ LEOဂိုဏ်းကိုသိလား"

"LEO...LEO shittt!!မင်းဘာလုပ်ခဲ့လို့လဲ။မဟုတ်တာမလုပ်နဲ့နော်။ဒယ်ဒီပွါးလိမ့်မယ်"

"မလုပ်ထားပါဘူးကွာ။ငါထင်တာ ကိုလင်းကများ.."

"ကိုလင်းကိုအဲ့ဒီဂိုဏ်းကလို့ထင်နေတာလား။"

"ပေါက်ပေါက်ရှာရှာကွာ ကိုလင်းကဒီလောက်အေးတာကို။ပြီးတော့ ရန်ဖြစ်ဖူးတဲ့ပုံတောင်မပေါ်ဘူး"

ခန့်ကဝင်ထောက်ပေးသည်။ဟုတ်ပေမည်။ကိုလင်းကတကယ်ရေခဲတုံးကြီးပင်။
~~~~~~~~~~~
Ring!Ring!Ring!
Hello!!
"မအိပ်သေးဘူးလား ညီ"

"အိပ်မပျော်သေးလို့ပါ ပြီးတော့စောသေးတယ်လေ"

"အရမ်းညည့်နက်တဲ့ထိမနေနဲ့နော် ပန်ဒါလေးဖြစ်နေမယ်"

"ကိုလင်းရောအခုဘာလုပ်နေတာလဲ"

"အင်း ကိုယ်လား ဂစ်တာကြိုးညှိနေရင်းဖုန်းဆက်လိုက်တာ"

"ဟုတ်လား ကျွန်တော်နားထောင်ချင်လို့ဆိုပြပါလား"

"ညီကဘာသီချင်းနားထောင်ချင်တာလဲ"

"ရတယ်။ကိုလင်းအဆင်ပြေတာသာဆို"

"နားထောင်နော်"

"ဓားသွားထက် ပျားရည်စက်လို ခုံမင်နေတယ်
ခါးသီးတဲ့နေ့တွေမှာလဲ ရှေ့ဆက်ရင်း
မင်းမရှိလို့မဖြစ်တဲ့အချစ်ဟာ ဘယ်သူလဲ
အဆိုးမရှိလို့မဖြစ်တဲ့ ကမ္ဘာထဲ မင်းအနားမှာပဲ
မင်းမရှိလို့မဖြစ်တဲ့အချစ်ဟာ ကိုယ်ပါပဲ
အနားနားကို တိုးဖက်ထား ထွေးပိုက်လို့ထားမယ်
ဓားသွားထက် ပျားရည်စက်လို ခုံမင်နေတယ်
အချစ်ရဆုံး အို ကိုယ့်ရဲ့သီချင်းကလေး မင်း
အချစ်ကလေး....နာကျင်စွာ သီချင်းဆိုရင်းကွယ်
အိုး...အချစ်ကလေး...ကြင်နာစွာ ထွေးဖက်ထားမယ်"

"အမယ်...ကိုလင်းအသံကမိုက်တယ်"

"ကဲ...အိပ်တော့ ညီ"

"ကိုလင်း"

"ဗျာ"

"Good Night"

"Good night ပါဗျာ"
~~~~~~~~~~
ညနေခင်းတစ်ခု၌ Canada နိုင်ငံ တိုရွန်တိုမ်ြို့ရှိ သင်္ချိုင်းတစ်ခု၌ လူနှစ်ယောက်သည် တူညီသော ဝတ်စုံအားဝတ်ဆင်ထားကာ အုတ်ဂျူတစ်ခုတွင် ပန်းစည်းကိုတင်၍ စကားပြောနေကြသည်။

"မတွေ့တာကြာပြီ ဒယ်ဒီ"

"ကျွန်တော်အဲ့ကလေးကိုပြန်တွေ့ခဲ့တယ် ဒယ်ဒီ။သူကတော့ကျွန်တော့်ကိုမမှတ်မိဘူး။ကျွန်တော့တပည့်ကလဲ ကျွန်တော့်အနားပြန်ရောက်လာပြီ သူထွားလာတယ်။ကျွန်တော် ဒယ်ဒီ့တပည့်တွေကိုသေချာလေ့ကျင့်ပေးထားပါတယ်။"

"မတွေ့တာကြာပြီ Sir,ကျွန်တော်ဒီနှစ်အတွင်းမှာ ချောလာတယ်။လက်ရည်တွေလဲတက်လာပါပြီ။အခုဆို ကျွန်တော်တို့က ထိပ်တန်းဝင်နေပြီလေ။ကျွန်တော် အများကြီးသင်ယူစရာတွေလည်းရှိပါသေးတယ်။ပြီးတော့ ကျွန်တော်Sirသားနားမှာအမြဲရှိနေပေးပါမယ်။သူယောကျာ်းယူသွားရင်တော့ ကျွန်တော်လဲယူလို့ရပြီမဟုတ်လား"

"ဒါဆိုရင်တော့ပြန်ဦးမယ်ဒယ်ဒီ။ကျွန်တော်အားတဲ့အခါကျလာခဲ့ပါဦးမယ်။ဒယ်ဒီအဆင်ပြေပြေရှိနေတယ်မဟုတ်လား။ကျွန်တော်သေချာပေါက်အကုန်လုံးကိုပြန်ယူပေးမယ်ဒယ်ဒီ။ဒယ်ဒီ့သားကိုလဲ ကျွန်တော်ရအောင်ရှာပေးပြီး စောင့်ရှောက်ပေးပါမယ်"

#Ta
စောင့်နေတဲ့သူမရှိတာသိလဲ upပေးဖြစ်နေပါတယ်ဗျာ..😔❤️

သိပ်ချစ်တာမင်းသိပါစေHikayelerin yaşadığı yer. Şimdi keşfedin