လင်းရွှမ်၏ လက်ရှိကျင့်ကြံဆင့်ကား မိုးကောင်းကင်ကိုပင် အံတုစိန်ခေါ်နိုင်စွမ်းသည်။ လွန်ခဲ့သော နှစ်ပေါင်းသုံးထောင်ကဆိုလျှင် ရှန်ရွှိန်ယန်းနှင့် ရင်ဆိုင်တိုက်ခိုက်ရန် မဖြစ်နိုင်သော်လည်း ယခုအချိန်မှာတော့ ပြောရခက်သည်။

တိုက်ပွဲဝင်စွမ်းအားအရ ရိုးရိုးရှင်းရှင်း အဆင့်သတ်မှတ်မည်ဆိုလျှင် မော့ကျိုးရှောင်နှင့် လင်းရွှမ်က တန်းတူအနေထားပင်။ တစ်ယောက်က ဓားသိုင်းပညာတွင် တစ်ဖက်ကမ်းခတ် ကျွမ်းကျင်ပြီး ကျန်တစ်ယောက်က မည်သည့်လက်နက်မဆို အသုံးပြုနိုင်ကာ သိုင်းပညာမျိုးစုံ တတ်ကျွမ်းထားသည်။ ‘အစားကြူးခြင်း’ အရှင်သခင်ကိုတော့ သူ၏ Cheat (ဝါးမြိုဖျက်ဆီးခြင်း စွမ်းရည်) ကြောင့် စာရင်းထဲ ထည့်မတွက်ပေ။ ထို့နောက်တွင်မူ ရှဲ့ချင်းလန်နှင့် ရှန်ရွှိန်ယန်း.. သူတို့နှစ်ဦးသည် တိုက်ခိုက်ပုံချင်း မတူသလို သူတို့၏ တိုက်ခိုက်နည်းများကလည်း သိုင်းပညာစစ်စစ် မဟုတ်ပေ။ တစ်ဦးက ကုချင်းတေးသံ၏ စွမ်းအင်လှိုင်းကို လက်နက်သဖွယ် အသုံးပြုပြီး ကျန်တစ်ဦးက အစီအရင်တည်ခင်းရသည့် နည်းပညာနှင့် ဆင်တူသော အစီအရင်ရေးဆွဲခြင်း ပညာရပ်ကို အသုံးပြုသည်။ ထိုပညာရပ်က ကျင့်ကြံဆင့်ပေါ် မူတည်နေခြင်းမဟုတ်ဘဲ ပင်ကိုပါရမီအပေါ်သာ မူတည်နေသဖြင့် ဉာဏ်ကောင်းရင်ကောင်းသလောက် တစ်လောကလုံးကို လွှမ်းမိုးချုပ်ကိုင်နိုင်လိမ့်မည်။ သူ့ကို မည်သူမျှ လာရှုပ်ရဲမည် မဟုတ်ပေ။

ထို့ကြောင့် လင်းရွှမ်နှင့် ရှန်ရွှိန်ယန်းတို့၏ တိုက်ပွဲကို အကဲဖြတ်ရန် မလွယ်ကူပါချေ။

ဒါပေါ့၊ ခြူးမုယွင်ကတော့ ထိုနှစ်ယောက် ခုနစ်ရက်ခုနစ်လီ မနားတမ်း တိုက်ခိုက်ပါစေဟု မျှော်လင့်နေတော့သည်။

မည်သို့ဆိုစေ လင်းရွှမ်က ရှန်ရွှိန်ယန်းကို အသေမသတ်နိုင်သလို ရှန်ရွှိန်ယန်းကလည်း လင်းရွှမ်ကို သတ်နိုင်လိမ့်မည် မဟုတ်ပေ။ တိုက်ပွဲအရှိန်တက်လာသည်နှင့်အမျှ သူ့ကို မေ့သွားကြလိမ့်မည်။

ခြူးမုယွင်သည် ထိုသို့တွေးနေသော်လည်း သူ၏ မျက်နှာပေါ်တွင် စိုးရိမ်နေဟန်အပြည့်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now