အပိုင်း (၂၉)

8.5K 480 13
                                    

U+Z

"ကိုကိုကြီး ဘယ်သွားမလို့လဲ"

"ဒီနေ့ရုံးမှာ ကိုယ်သွားရမယ့်ကိစ္စရှိတယ်၊ မဖြစ်မနေသွားရမှာ အဲ့ဒါကြောင့် ကနုတ်က..."

"လိုက်မယ်!"

ဗိုက်နည်းနည်းထွက်လာတာကြောင့်ထားခဲ့မလို့လုပ်ပေမယ့်သူ့စကားတောင်မဆုံးဘူး လိုက်မယ်တဲ့လေ။ ကနုတ်က ဒီလိုပြောလာတော့ သူကဘယ်လိုစိတ်နဲ့ထားခဲ့ရက်တော့မှာလဲ။

ရွှတ်!

"လိုက်ရမှာပေါ့"

"အင်္ကျီလဲမယ်"

"အိုကေဗျာ"

လနုတုန်းကလိုအဝတ်တွေကိုတော့မဖွတော့ပေ။ သူပဲ ထုတ်ပေးရပြီး သူပဲဝတ်ပေးရတာကို ပြောင်းသွားတော့သည်။ မမလဲ ဒီရက်အတွင်းမီးဖွားတော့မှာဖြစ်ပြီး တူးလေးလားတူမလေးလားကိုသိပ်မကြာခင်သိရတော့မှာ။ ဘာလေးလည်းကြိုမသိချင်ပဲရင်ခုန်ချင်လို့ဆိုပြီး မမတို့ရိုက် ultrasound ရိုက်မကြည့်ပေ။ သူတို့လည်း ဒီတစ်ခေါက် ရိုက်မကြည့်ဘူးလို့ဆုံးဖြတ်ထားပြီး မွေးမှရင်ခုန်ဖို့လုပ်ထားသည်။ တစ်လတစ်ခါ ဆေးစစ်ပေးပြီး ကနုတ်အတွက်ရော အထဲက ကလေးအတွက်ပါ အားဖြည့်စာတွေ၊ ဆေးတွေ သေသေချာချာတိုက်ရသည်။

"ဒီနေ့တစ်ခါထဲ ဆရာကြီးနဲ့ဝင်တွေ့ခဲ့မယ်နော်"

"ဟုတ်"

တီရှပ်မဟုတ်ပဲ ရှပ်အင်္ကျီကိုအပြင်ထုတ်ဝတ်ပေးထားတာဖြစ်ကာ သူ့အင်္ကျီကြီးဖြစ်တာကြောင့် တင်ပါးဖုံးပြီး ပေါင်လယ်မရောက်တရောက်လောက်ဖြစ်သည်။ အောက်ကလည်း ချည်သားဘောင်းဘီပွပွကြီးနဲ့ လူကောင်သေးသေးလေးက အဝတ်ဖားဖားကြီးတွေဝတ်ပြီး ချစ်ဖို့ကောင်းနေသည်။

"ကိုယ်ယူခဲ့မယ် ကားထဲမှာသွားထိုင်နေ"

တစ်နေကုန်ကြာမှာကိုသိတော့ ခက်မာက စားဖို့သောက်ဖို့ကို ခြင်းနဲ့အပြည့်ထည့်ပေးထားတာ။ သူ့ထက်ဆိုးနေတဲ့သူက ခက်မာ။ တစ်နေ့တစ်နေ့ မောင်လေး ဘာစားချင်လဲမမကိုပြော၊ မမ အားလုံးလုပ်ပေးမယ်ဆိုတာကြီးပဲ။ သားနဲ့သမီးကိုအတွက်လည်း မနက်ဆိုခက်မာပဲပြင်ဆင်၊ တစ်ခါတစ်လေ သူလိုက်မပို့နိုင်ရင် ခက်မာလိုက်ပို့ရသည်။ အခုလည်း လူနှစ်ယောက်သွားတာ ခြင်းထဲမှာ အပြည့်။ မသိရင် လူ ၁၀ ယောက်စာလောက်ရှိတယ်။ ကနုတ်က ဟင်းဖြစ်ဖြစ်၊ အသီး၊ မုန့် ဘာဖြစ်ဖြစ် တစ်မျိုးထဲကို တစ်လုပ်လောက်ပဲ စားတတ်တော့ အားလုံးသေသေချာချာထည့်ပေးထားတာ။ ဒီကလေးကြမှ ကနုတ်ကအရင်တုန်းကပုံစံနဲ့လုံးဝပြောင်းထွက်သွားပြီး လူအရမ်းကပ်လာ၏။ သားနဲ့သမီးကို ကိုယ်ဝန်ဆောင်တုန်းကလည်း တစ်ခုခုထူးခြားတာရှိနိုင်ပေမယ့် သူအနားမှမရှိနိုင်ခဲ့တော့ ဘာထူးခြားလည်းသေချာမသိခဲ့ဘူး။ ဗိုက်ထဲမှာရှိနေချိန် အဖေနှစ်ယောက်အတူတူမရှိနိုင်ခဲ့တော့ သားနဲ့သမီးကို သူအစွမ်းကုန်ချစ်ပေးပြီး ဂရုစိုက်ပေးသည်။ အခုတစ်ယောက်ကတော့ ပါးပါးကိုရော ကလေးဗိုက်ထဲရှိနေချိန်ရော သူ ဂရုစိုက်ပြီးချစ်ပေးဖြစ်တော့သည်။

EMPTY SPACE [Complete] U+ZWhere stories live. Discover now