အပိုင်း (၁၄)

7.1K 471 27
                                    

U+Z

မင်္ဂလာပွဲကဘာမှမသိတဲ့သူတွေအတွက်တော့ ပျော်စရာဖြစ်သည်။ ခန်းမထဲကိုလက်ချိတ်ပြီးထွက်တဲ့ သူရဲ့စိတ်တွေက အိမ်မှာကျန်ခဲ့တဲ့ကောင်လေးဆီမှာဖြစ်ကာ ဒီမင်္ဂလာပွဲပြီးအောင် သူ အတင်းဟန်ဆောင်နေရသည်။ အားလုံး အိမ်ကိုပြန်ရောက်လာတော့ ခက်မာနဲ့ဒေါ်ကြီးကိုပဲတွေ့ရသည်။ အားလုံးပင်ပန်းနေကြပြီး တစ်ရေးလောက်နားကြဖို့ လုပ်ကြသည်။ မနားနိုင်တဲ့သူကတော့ သူတစ်ယောက်ထဲပါပဲ။

"ဒေါ်ကြီး သူဘယ်လိုနေလဲ"

"အစားပျက်နေတာပေါ့သားရယ် ကျန်တာကောင်းပါတယ်"

သူ သိချင်တာမေးပြီးမှ အပေါ်ထပ်တက်ခဲ့လိုက်သည်။ အထဲက စာကြည့်စားပွဲမှာထိုင်နေသူက သခင်ဖြစ်သည်။

"သခင်"

"သခင့်ကို စိတ်ဆိုးနိုင်တယ်"

"စိတ်မဆိုးပါဘူး သခင်ဆုံးဖြတ်ချက်က မှန်ပါတယ်၊ ကိုယ်ပဲမှားယွင်းသွားတာပါ"

သခင့်ဘက်က လူသိထင်ရှားဖြစ်နေတဲ့ သူတို့ဆက်ဆံရေးမှာ ဒီလိုပဲလုပ်လို့ရမယ်မဟုတ်လား။ သခင့်ကို သူနားလည်သည်။ ဒါပေမယ့် သူတို့ကြားမှာ ပြောသင့်တာကိုပြောရမှာပေါ့။

"ကိုယ် တစ်ခုပြောပြဝန်ခံပါရစေ...ကိုယ် သခင်နဲ့စတွဲထဲက ကိုယ့်ညီမလေးတစ်ယောက်လို ဖေးမခဲ့တာ သခင်သိလောက်ပါရဲ့"

"အဟင်း သခင့်နှလုံးသားကို တစ်စူးပြီးတစ်စူးစိုက်နေတာလား၊ ရွှေညို့သခင်က ရှေးဘုန်းသမ္ဘာကို သဘောကျလို့ တွဲတဲ့ဆက်ဆံရေးကို မပြတ်အောင် ထိန်းသိမ်းထားရတာ၊ ငါ့ဘက်ကချစ်ပေးရင် ငါ့ကိုတစ်ချိန်မှာချစ်လာမှာပါဆိုတဲ့စိတ်နဲ့လေ၊ အခုတော့ သခင်က အရူးကြီးလိုပဲ"

"ကိုယ်တောင်းပန်ပါတယ်"

"သခင်က ဘာဖြစ်နေလို့လဲ ဘာချို့ယွင်းနေလို့လဲ"

သခင်က ငိုပါတော့သည်။ အားလုံးကသူမှားခဲ့တာ။

"သခင် သခင်..."

ငိုရင်း သတိလစ်သလိုဖြစ်သွားတဲ့ သခင်ကြောင့် သူ မမကိုအပြေးသွားခေါ်ရသည်။ မမက သူ့ထက်အများကြီးသိတယ်မလား။ မမက သခင့်ကိုသေချာစမ်းသပ်ပေးသည်။

EMPTY SPACE [Complete] U+ZWhere stories live. Discover now