အပိုင်း (၉)

6.1K 477 22
                                    

U+Z

ဒီနေ့တော့ အားလုံး ကိုကိုကြီးဘွဲ့ယူမှာဆိုတော့ အိမ်မှာမရှိပေ။ ဘဘကြီးရော မေမေကြီးရော မနက်ထဲက အပြင်မှာဖြစ်သည်။ မမလေးကတော့ သူတို့အိမ်ပြန်ရောက်နေတာ လွန်ခဲ့တဲ့ တစ်လ လောက်ထဲကဖြစ်သည်။ မမလေး အမျိုးသားက ပြင်သစ်မှာ အလုပ်လုပ်နေတာကြောင့် ပြန်လိုက်မလာနိုင်ပဲ နောင်မှ မမလေးက လိုက်သွားမှာဖြစ်သည်။

"မမ ဒီမှာ မမလုပ်ခိုင်းထားတာ"

မမလေး အပြင်သွားကာနီး ရွှေစင်ကနုတ် မမလေးစည်းပေးဖို့ ပြောလာတဲ့ ပန်းစည်းကိုသွားပေးလိုက်သည်။

"နင်က ဒီလိုမျိုး တကယ်တော်တယ် ရော့"

"ဟို သားမယူပါဘူး"

သူ့ကို ပိုက်ဆံတွေပေးလာတာဖြစ်သည်။

"မယူလို့တော့ ဘယ်ဖြစ်မလဲ၊ ဒါလုပ်ခိုင်းထဲက အပြင်မှာဝယ်သလို တန်ဖိုးတော့ နင့်ကိုပေးဖို့ စဉ်းစားပြီးသားပါ ယူလိုက်"

"ဟို..."

"ငါက ဒီလိုမျိုးပေးတတ်တယ်ဆိုတာ ငါလုပ်ခိုင်းတဲ့ပစ္စည်းကို ငါအရမ်းသဘောကျလို့ ပေးတာ"

"ဟုတ် သား ယူလိုက်ပါမယ်"

မမလေးပေးတဲ့ အဖိုးအခကို သူယူထားလိုက်သည်။ မမလေးက အစ်ကိုလေးကိုဘွဲ့ယူတဲ့နေ့မှာ ပန်းစည်းပေးဖို့ ပန်းအမျိုးအစားကိုပါပြောပြပြီး သူ့ကိုပြင်ခိုင်းထားတာ။ မမလေးထွက်သွားမှ လက်ထဲမှာ ရောက်နေတဲ့ပိုက်ဆံကိုကြည့်ပြီး သူမျက်ရည်ဝဲမိပြန်သည်။ ဒီလိုမျိုး သူကပိုက်ဆံရှာနိုင်နေပြီတဲ့လေ။ မျက်ရည်ကိုသုတ်လိုက်ပြီး သူပန်းစည်းတစ်စည်းသွားစည်းရသည်။ သူ့ကို အွန်လိုင်းကနေ ပန်းစည်းရမလားလို့ မှာထားတာ ရှိတာကြောင့်ဖြစ်သည်။ ပြီးရင် မထိမခိုက်ပဲ သူသွားပို့ပေးရအုန်းမှာ။

"မမခက်မာ သားကူလုပ်မပေးတော့ဘူးနော် ပန်းစည်းလုပ်စရာရှိလို့"

"အေးအေး သွားလုပ် မမတို့နိုင်တယ် ကူပေးစရာမလိုဘူး သွားသွား"

ပန်းတွေကိုသေချာပြင်ဆင်ပြီး သူ့အခန်းထဲမှာ ကတ်ကြေးတစ်လက်နဲ့ရေမွေးစက္က၊ ရိုးရိုးစက္ကူစနဲ့ ဖဲကြိုးတွေနဲ့ ပွနေသည်။

EMPTY SPACE [Complete] U+ZМесто, где живут истории. Откройте их для себя