အပိုင်း (၂၈)

8.8K 503 26
                                    

U+Z

ကနုတ် ပုန်းနေချင်ပေမယ့် ကိုကိုကြီးကဆွဲချုပ်ပြီးဖက်ထားသည်။ တစ်ဖက်က မမက သူတို့ကိုကြည့်ပြီးရယ်နေတာ။ သူ ဘယ်မျက်နှာနဲ့နေရမှာလဲ။

"ငါ့မောင်လေးများ စွမ်းချက်နော်"

"ဒါကတော့ ကလေးတွေက ဒီဖေဖေနဲ့ပါးပါးဆီမှာနေချင်တာကို"

"အမလေး ငါများ အခုမှတစ်ယောက်တောင် မမွေးသေးဘူး၊ သူတို့များ အပြင်မှာနှစ်ယောက် အထဲမှာက တစ်ယောက်လား ပထမလိုနှစ်ယောက်ဖြစ်မလား မသိဘူး"

"တစ်ယောက်ပါပဲ ငါသိတယ်"

"အေးပါ ဒီလောက်နဲ့ရပ်ထားအုန်းနော်"

ကနုတ်မှာ ရှက်လို့မျက်နှာကိုလုံးဝမဖော်ရဲတော့ပေ။

"ကနုတ် ငါ့မောင်က ဆိုးတယ်ထင်တယ်နော်"

"ဟုတ်တယ်"

"အေး အဲ့ဒါကြောင့်လည်း တစ်ယောက်ပြီးတစ်ယောက်ဖြစ်နေတာထင်တယ်"

ဟင်!

သူဖြေသာဖြေလိုက်ရတယ်နောက်ထပ် ထပ်ပြောတဲ့စကားတွေကို မကြားတော့ပါ။ သူ ရှက်ပြီးပူထူနေတာပဲသိသည်။ ကိုကိုကြီးကမမနဲ့စကားဆက်ပြောနေပြီး သူသွားမလို့လုပ်တာကို လုံးဝလွှတ်မပေးပေ။

"ခေါင်းက မော့အုန်းမှာလား မမဖုန်းချသွားတာကြာပြီလေ"

ခေါင်းကြီးငုံ့ပြီးခေါင်းကိုအတင်းခါနေသည်။ မနေ့ကပြန်ရောက်ထဲက အခန်းထဲကိုတန်းဝင်သွားတာ။ ဖေဖေနဲ့မေမေကတော့ သူပြောစရာမလိုပဲ သားနဲ့သမီးနဲ့ပြောပြတာနဲ့ အားလုံးသိ။ ပြန်လာထဲက ဖွားဖွား ဖိုးဖိုး ပါးပါးဗိုက်ထဲမှာ သားနဲ့ညီမလေးလို့ ကလေးလေးရောက်နေတယ်တဲ့သိလား၊ ဒေါက်တာက ပြောလိုက်တာဆိုပြီး ဝင်လာထဲက ပြန်ပြောတာ။ ဖေဖေနဲ့မေမေလည်းအံ့ဩနေတော့သည်။ မမကိုလည်း ဖေဖေနဲ့မေမေ ဖောက်သယ်ချသွားတာပဲနေမှာ။ ဒီနေ့ ဖုန်းခေါ်လာတာပဲကြည့်။ သူကိုယ်တိုင်လည်း အံ့ဩလို့မဆုံးသေးဘူး။ ညကလည်းတညလုံးအိပ်မပျော်ဘူး။ ဆေးရုံမှာဆေးပြန်စစ်ကြည့်ပြီးတာနဲ့ ကိုယ်ဝန်ရှိနေတာကို သိခဲ့တာ။ ကနုတ်ကိုယ်တိုင်လည်း မျက်လုံးလေးအဝိုင်းသားနဲ့။ မနေ့ညထဲက ထမင်းဆင်းမစားပဲ ရှေးဘုန်းအပေါ်ကိုယူပေးလိုက်ရသည်။ ဒီမနက်လည်း သားနဲ့သမီးကို သူပဲအားလုံးလုပ်ပေးတာ။ သားနဲ့သမီးကကျောင်းသွားပြီး ကနုတ်က အောက်ဆင်းပြီး မနက်စာလည်းမစား။ အပေါ်ကိုယူပေးတော့လည်း နည်းနည်းပဲစားပြီးတော့ သူ့ကိုတောင်မကြည့်ပဲ မျက်နှာကိုလိုက်လိုက်ဖွက်နေတာ။

EMPTY SPACE [Complete] U+ZTahanan ng mga kuwento. Tumuklas ngayon