အပိုင်း (၂၄)

9.2K 514 32
                                    

U+Z
[အခုမှ ရေးပြီးလို့နော်...]

"ကိုယ် ရုံးကိုခဏသွားမယ်နော်"

"ဟုတ်"

သားနဲ့သမီးကို ကျောင်းကိုလိုက်ပို့ပြီး ရှေးဘုန်းရုံးကိုခဏသွားဖို့လုပ်ရသည်။ ရုံးမတက်တာ ၂ ရက်ရှိပြီဆိုတော့ သူသွားမှဖြစ်တော့မှာ။ လက်မှတ်ထိုးပေးရမှာတွေရော အတွင်းရေးမှူးကို အသေးစိတ်မေးရမယ့်ကိစ္စတွေရော ရှိနေ၏။ နောက်တစ်ခုကတော့ ဒီကောင်လေးကိုသူ အပြင်ကိုခေါ်ထုတ်သွားချင်လို့ဖြစ်သည်။ ကိုယ့်ပတ်ဝန်းကျင်နဲ့ဒီကောာင်လေးကို များများထိတွေ့ပေးဖို့ လိုနေသည်။

"သွားမယ်"

ပုဂ္ဂလိကဆေးရုံးဝန်းကြီးရဲ့ ရုံးခန်းတွေတည်ရှိရာဘက်မှာဖြစ်နေပေမယ့် ဒီလိုနေရာကို သူ ကိုကိုကြီးနဲ့လိုက်ဝင်လို့ဖြစ်ရဲ့လား။ သူဒီကိုရောက်ဖူးတာဆိုလို့ သားနဲ့သမီးကိုမွေးတုန်းက။ အဲ့တုန်းက တာဝန်ရှိသူတွေကလွဲလို့ ဘယ်သူမှမသိလိုက်ဘူးမလား။ သူတို့ကိုမြင်တဲ့သူတွေဘာပြောမလဲ။ သူ့ကြောင့် ကိုကိုကြီးရဲ့ ဂုဏ်သိက္ခာတွေ ထိခိုက်စေမှာလား။

"ကနုတ်"

"ကျွန်တော်ဒီမှာကျန်ခဲ့လို့ရလား"

"မရဘူး ကိုယ်အထဲမှာကြာမှာ"

ရှေးဘုန်း ကျန်ခဲ့ဖို့စဉ်းစားနေတဲ့ကောင်လေးကြောင့် သူပဲအရင်ထွက်ပြီး ဘေးကိုသွားကာ တံခါးကိုဖွင့်ပေးလိုက်သည်။

"ကနုတ် လာခဲ့"

ကားတံခါးလာဖွင့်ပြီးလက်ဆွဲခေါ်ထုတ်လိုက်မှတော့ သူကမလိုက်ဘူးငြင်းလို့လဲမရတော့။ ပြီးတော့ ဒီနေရာမှာ ရုန်းရင်းဆန်ခက်ဖြစ်သွားရင် အားလုံးရဲ့အာရုံစိုက်မှုတွေကို သူတို့ဆီကိုရောက်လာတော့မှာ။

"လက်ကိုလွှတ်ပေး"

"မလွှတ်ပေးပါဘူး၊ မင်းနဲ့ဒီလိုတွေလုပ်ချင်လွန်းလို့"

တကယ်ပါပဲ။ သူကဘယ်မျက်နှာနဲ့အထဲကိုဒီလိုကြီးတောက်လျှောက်လိုက်ရမှာလဲ။ သွားတဲ့လမ်းတစ်လျှောက်လုံး ကိုကိုကြီးက သူ့လက်ကိုဆွဲကိုင်ထားတာ မလွှတ်ပေ။ ဘေးနားက ဖြတ်သွားဖြတ်လာတွေရှိတွေမယ့် သူမော့မကြည့်ရဲပဲ ကိုကိုကြီးခေါ်သွားတဲ့အတိုင်း ခေါင်းကြီးငုံ့ပြီး လိုက်သွားလိုက်တော့သည်။ အခန်းထဲရောက်တော့မှ သူသက်ပြင်းချမိတော့၏။

EMPTY SPACE [Complete] U+ZWhere stories live. Discover now