အပိုင်း (၃)

7.1K 479 17
                                    

U+Z

ဝေါ့!

အိမ်ထဲဝင်လာတဲ့ ရှေးဘုန်းသမ္ဘာရဲ့ခြေလှမ်းတွေ ခဏတုံ့ဆိုင်းသွားသည်။ သူအပြင်သွားမလို့ လှေကားကဆင်းလာတာဖြစ်ပြီး ထမင်းစားခန်းအလွန်မှာအန်သံကြားလိုက်ရတာကြောင့်ဖြစ်သည်။ ဘယ်သူက အန်နေတာလဲ။ တစ်ယောက်ယောက်နေမကောင်းဖြစ်နေတာလား။ အိမ်ရှိလူကုန်လည်း သူတွေ့တာအကောင်းကြီးပါ။

"ခက်မာ"

သူအပြင်ကနေ ခေါ်လိုက်သည်။

"ဟုတ်ကဲ့ ကိုကိုကြီး"

ခက်မာ ခပ်မြန်မြန်ထွက်လိုက်ရသည်။ ကိုကိုကြီးက ဒီလိုမျိုးခေါ်တာရှားသည်။

"ဘယ်သူ ဘာဖြစ်နေတာလဲ"

"ရှင်!"

ကျစ်!

"အန်သံကြားသလားလို့"

"အော် ဟုတ်၊ ရွှေကနုတ်လေး ဈေးလိုက်တာ ကားမူးလို့ အန်နေတာ"

ရှေးဘုန်းသမ္ဘာ မျက်ခုံးတွေ စုကျုံ့သွားသည်။ ရွှေကနုတ်ဆိုတာဘာလဲ။ လူလား။

"ဟို ကိုကိုကြီး ဒေါ်ဒေါ်နဲ့တောကပါလာတဲ့ ကလေးပါ၊ သူက အခုမှရောက်တာဆိုတော့ ကားစီးတာအသားမကျသေးတော့ ကားမူးပြီး အန်တာပါ"

ကားမူးပြန်းအန်တာဆိုတော့ အချိန်တန်ပျောက်သွားမှာပဲ။ ရှေးဘုန်းသမ္ဘာ ထားလိုက်ကာ သွားမယ့်ကိစ္စကိုသွားလိုက်သည်။

"ရွှေကနုတ်!"

ကားပေါ်ရောက်ပြီးမှ သူ့နှုတ်က ဒီနာမည်ကိုထွက်သွားမိတာဖြစ်သည်။ နာမည်က ရွှေကနုတ်။ နာမည်ကလည်းထူးထူးဆန်းဆန်း။ ဒေါ်ညိုနဲ့ပါလာတာတောင် သူတို့သတိမထားမိ။ သိလည်းမသိပေ။

"ထူးအောင် ငါထွက်လာပြီ"

သူငယ်ချင်းဖြစ်သူကဖုန်းဆက်လာတော့သည်။ သူတို့ဒီနေ့အပြင်မှာချိန်းထားတာ။ ချိန်းထားတဲ့နေရာကို ရောက်တော့ ထူးအောင်ရောက်နေပြီဖြစ်ကာ ရွှေညို့သခင်ပါရှိနေသည်။ ရွှေညို့သခင်တို့ပါ ပါတယ်လို့ ထူးအောင်ကသူ့ကိုပြောမထားပေ။ ဘာဖြစ်လို့ ရွှေညို့သခင်တို့က ပါနေတာလဲ။

"ရောက်လာပြီ"

"အင်း"

ရှေးဘုန်းသမ္ဘာ ထူးအောင်ကို ဖြေရင်း ရွှေညို့သခင်ကိုပါ ခေါင်းငြိမ့်ပြပြီး နှုတ်ဆက်လိုက်သည်။ ရွှေညို့သခင်တစ်ယောက်ထဲမဟုတ်ပဲ ဘေးမှာသူ့သူငယ်ချင်းတွေပါ ရှိနေသည်။

EMPTY SPACE [Complete] U+ZWhere stories live. Discover now