အပိုင်း (၂၃)

9K 539 23
                                    

U+Z

"ဖေဖေ ပါးပါးရော"

သားကအစောကြီးနိုးကာအိပ်ရာပေါ်မှာ သူ့ပါးပါးကိုမတွေ့တာကြောင့်မေးတော့သည်။ ညက သားက သူ့ပါးပါးကိုဖက်အိပ်တာကို။ ဒါကိုသေချာမှတ်ထားတာ။ ကနုတ်က မနက်ကအစောကြီးထပြီး အောက်မှာခက်မာကိုသွားကူပေးနေတာ။ မထနဲ့ပြောတာလဲမရ။ သမီးကအိပ်နေတုန်းဖြစ်ကာ သားကစောင်ထဲကထွက်ပြီး သူ့ပါးပါးကိုမတွေ့တာနဲ့မေးနေသည်။

"ပါးပါးက သားနဲ့ညီမလေးဖို့ မနက်စာသွားလုပ်တယ် သားအိပ်အုန်းလေ"

သူ့ပါးပါးရှိတယ်ဆိုတာသိမှာ ဖင်ဗူးလေးထောင်ကာပြန်အိပ်ဖို့လုပ်တော့သည်။ အခုက သူတို့နိုးတဲ့အချိန်မှမဟုတ်ပဲ။ လူကြီးတွေအိပ်ရာထချိန်မှာ နိုးသွားပြီးသူ့ပါးပါးကိုရှာနေတာ။ ကနုတ်က ညကလည်းကလေးအိပ်မပျော်ပဲ မျက်လုံးကြီးဇွတ်မှိတ်ထားတာ သူ မသိပဲနေမလား။ အိပ်ရာပြောင်းတာရော သူပါရှိနေတာကြောင့် မျက်လုံးကြီးကိုဇွတ်မှိတ်ထားတာ။ ဒီရက်ပိုင်း ပါးပါးက အိပ်ရေးပျက်နေပြီလေ။ သမီးနဲ့တည့်သွားပေမယ့် သူနဲ့ကစိမ်းနေတုန်း။ သူနဲ့မစိမ်းဖို့ကိုလည်းသူ့မှာ ကြံစည်နေတာ မအောင်မြင်သေးပေ။ သားနဲ့သမီးက သူတို့ပါးပါးဆိုပြီးကပ်နေတာကို။ ဒီရက်ပိုင်းအတွင်း အလုပ်မသွားပဲအိမ်ကနေပဲလုပ်ဖို့စဉ်းစားထားပြီး ကနုတ်ကိုအရောဝင်ဖို့ ကြိုတင်ကြံစည်ရအုန်းမယ်။ ရှေးဘုန်း သားနဲ့သမီးကိုစောင်သေချာခြုံပေးခဲ့ပြီး အောက်ကိုဆင်းခဲ့လိုက်သည်။

"မောင်လေးရယ် ကလေးတွေနိုးရင်ရှာအုန်းမှာကို သွားနေတာမဟုတ်ဘူး"

"ကိုကိုကြီးရှိတယ်"

"ဒါနဲ့ ကိုကိုကြီးနဲ့အတူတူ သားနဲ့သမီးနဲ့တစ်ခန်းထဲအိပ်ရတာ ဘယ်လိုလဲ"

"မမခက်မာ ဟိုမှာတူးတော့မယ်"

"မတူးပါဘူး ပြောပြပါလို့ ကိုကိုကြီးနဲ့ချစ်သွားပြီလား"

တကယ်ပါပဲ ဘာတွေလိုက်မေးနေမှန်းကိုမသိတာ။ ဘယ်လိုနေရမှာလဲ နေရခက်လို့အိပ်လို့တောင်မပျော်တဲ့ဟာကို မမခက်မာက သိချင်နေသေးတယ်။ တကယ်တမ်းသားနဲ့သမီးက လက်ခံပြီးအတူတူရှိတော့လည်း ကိုကိုကြီးကြောင့် အနေခက်ရတယ်၊ ကျဉ်းကြပ်တယ်။ အိပ်လို့လဲမပျော်ဘူး။

EMPTY SPACE [Complete] U+ZWhere stories live. Discover now