အပိုင်း (၅)

6.6K 456 17
                                    

U+Z

"ရွှေကနုတ် လာ ဒီကို"

"ဟုတ် ဒေါ်ဒေါ်"

"အစ်ကိုကြီးက မေးနေပြီ သားကို တစ်ခုခုထားပေးဖို့လေ၊ ရောက်တာလဲနည်းနည်း ကြာနေပြီဆိုတော့ သားဘာလုပ်ချင်လဲ ဒေါ်ဒေါ့်ကိုပြော"

"သားကလေ ဟို ပန်းစည်းစည်းတာတို့၊ ပန်းအိုးအလှဆင်တာတို့ သဘောကျတာ ဒေါ်ဒေါ်"

"အိမ်တွင်းအလှဆင်ပေါ့"

"သား မသိဘူး"

"အင်း အဲ့ဒါပဲလား"

"တီဗီထဲမှာလို့ ဟင်းချက်တာတွေလည်း လုပ်တတ်ချင်တယ်"

"အင်းအင်း ဒီမှာရပ်ရင် ကောင်းမယ်ထင်တယ်၊ တော်ကြာ ထပ်မေးရင် လုပ်ချင်တာတွေ ထပ်ထွက်လာမယ်ထင်တယ်"

"ဟီးဟီး"

ဒေါ်ညို ပြောရင်းရယ်လိုက်သည်။ တူလေးက ဖြစ်ချင်တာတွေကို လုပ်နိုင်တာမလုပ်နိုင်တာကို မသိပဲ လုပ်ချင်တာတွေ အားလုံးကို ရွေရွတ်ပြတော့တာ။ သူပြောတဲ့လည်း ပြန်ပြောတာမရှိပဲ ရယ်နေသည်။ အစ်ကိုကြီးက သူ့ကိုခေါ်ပြောနေပြီလေ။ ကလေးကို စိတ်ပါဝင်စားတာ တစ်ခုခု ထားပေးဖို့။ ရောက်နေတာလည်း နည်းနည်းကြာနေပြီဆိုတော့ သူသွားတတ်လာတတ်ရှိပြီလားလည်း မေးသည်။ သွားတတ်လာတတ်ကတော့ မရှိသေးပေမယ့် ကားစီးရင် ခေါင်းမူးတာဘာညာတော့မရှိတော့ပေ။ သင်တန်းထားပေးမှ သွားတတ်လာတတ်ရှိမှာဖြစ်တာကြောင့် ဒေါ်ညို သင်တန်းထားပေးဖို့ပဲ လုပ်လိုက်တော့သည်။ တစ်ရက်နှစ်ရက်တော့ ခက်မာကိုပဲ လိုက်ပို့ခိုင်းရမှာပဲ၊ ဒါမှမဟုတ် အိမ်က ကလေးမလေး တစ်ယောက်ယောက်ဖြစ်ဖြစ်ပေါ့။ တူလေးကိုကြည့်မိလိုက်တော့ ဒီရောက်မှ လူလေးက ကြည့်လို့အဆင်ပြေလာတာ။ ထမင်းကတော့ ဒေါ်ဒေါ်သက်ပြောလိုက်သလိုပဲ နည်းနည်းလေးစားသည်။ ဒီရောက်မှ သူဝယ်ပေးထားတဲ့ ချည်ထည် သင်္ဘောသားအင်္ကျီလေးနဲ့ဘောင်းဘီလေးတွေက တူလေးနဲ့ ကြည့်လို့အဆင်ပြေသည်။ ဒါတောင် တစ်ခါတစ်လေ သူ့အဝတ်အဟောင်းတွေကို ထုတ်ဝတ်သေးလို့ မဝတ်နဲ့တားထားရတာဖြစ်သည်။

"အဲ့ဒါဆို သားကို ဒေါ်ဒေါ်က အိမ်တွင်းအလှဆင်နဲ့ပန်းစည်းသင်တန်း အပ်ပေးမယ်နော်"

EMPTY SPACE [Complete] U+Zحيث تعيش القصص. اكتشف الآن