အပိုင်း (၁၆)

7.4K 491 34
                                    

U+Z

သူ့အတွက် အခန်းတစ်ခန်းလုပ်ပေးမယ်ပြောပေမယ့် သူဒေါ်ကြီးနဲ့ပဲ တစ်ခန်းထဲမှာ အတူတူနေလိုက်သည်။ သူ့ကို ကြိုက်တဲ့နေရာကို သွားလို့ရတယ်လို့ပြောပေမယ့် သူ အိမ်ခြေရင်းက ဇီဇဝါခြုံနားမှာထိုင်သည်။ နောက်က ခရေပင်မှာထိုင်သည်။ ဒါက သူ့အလုပ်ဖြစ်သည်။ 

ရှေးဘုန်း ခြံထဲကအလုပ်သမားကို ခြံထဲမှာကျောက်စရစ်တွေခင်းဖို့ပြောရသည်။ သူ မရောက်တော့တဲ့ အိမ်ဘေး အိမ်အနောက်ဖက်တွေကိုပါ ခင်းခိုင်းလိုက်တာ။ မိုးတွင်းဖြစ်နေတာကြောင့် ရေညှိတွယ်နေတတ်ပြီး ရွှေစင်ကနုတ် တစ်ခုခုဖြစ်သွားမှာ သူ မလိုချင်တာကြောင့်ဖြစ်သည်။ သူ့ကြောင့်နဲ့ကိုယ့်မှာ ခြံထဲက အလုပ်သမားနာမည်တွေအားလုံးကို သိသွားရသည်။ ဖေဖေ့ကိုပြောပေးဖို့ ပြောလို့ရပေမယ့် သူကိုယ်တိုင်ကြုံတာနဲ့ပြောရသည်။ အဓိက ရွှေစင်ကနုတ်သွားတတ်တဲ့နေရာတွေကို ချောမနေအောင် ခင်းပေးဖို့ပေါ့။ ဗိုက်ကိုလည်းအချိန်မှန်စစ်ပေးရသည်။ ယောက်ျားလေးဖြစ်နေတော့ လိုအပ်တာထက်ပိုစိုးရိမ်ရ၏။

"ရှေးဘုန်း သူ့အပေါ်ခံစားချက်ရှိနေခဲ့တာလား"

သခင် မြိုသိပ်ထားတဲ့အရာတစ်ခုကိုမေးလိုက်သည်။ သူ့ကိုမသိစေချင်ပဲလုပ်ဆောင်ပေးတဲ့အရာတွေရှိပေမယ့် သူကအလိုလိုသိနေသည်။

"ရှိတာကို မသိခဲ့တာထင်တယ်"

"ဟင်း...ရွှေကနုတ်လေးက ကံကောင်းပါတယ်"

သူ မရတဲ့ ရှေးဘုန်းရဲ့အချစ်ကိုရနေတာပေါ့။ ဒါပေမယ့် ဒီကောင်လေးဘက်ကမသိဘူးထင်ပါရဲ့။ ရှေးဘုန်းစိတ်ပူတတ်တာ ဘေးကသူတောင်မြင်ရသည်။ အပေါ်ထပ်မှာနေတဲ့သူတို့အောက်ကိုပြောင်းခဲ့ကြတယ်။ သူတို့တစ်ခန်းထဲနေပေမယ့် တစ်ယောက်တစ်ကုတင်အိပ်တာကို ဘယ်သူမှမသိကြ။ ရှေးဘုန်းက ဒီကောင်လေးအိမ်ထဲမှာ ပြန်နေထဲက အောက်ကိုပြောင်းဖို့လုပ်လိုက်တာ။ တခုခုဆိုရင် အချိန်မရွေး‌လာနှိုးလို့ရအောင်ရော၊ ပြေးကြည့်လို့ရအောင်ရောပေါ့။ သူကတော့ တစ်လတစ်ခါဆေးပြနေပေမယ့် သူ့နှလုံးကို virus လေးတွေက အဘက်ဘက်ကထိုးနှက်နေပုံရပြီး ရောဂါကတစ်ခုပြီးတစ်ခုပေါ်လာနေတာပဲဖြစ်သည်။

EMPTY SPACE [Complete] U+ZWhere stories live. Discover now