အပိုင်း (၁၈)

8.2K 531 29
                                    

U+Z
[ဒီနေ့ကတော့ တကယ်ပဲ တစ်ပိုင်းပါပဲရှင်။ အမှန်တော့ normal ထဲမှာ ကနုတ်နေရာက နည်းနည်းထပ်ရှိသေးတာ။ ရှင်လေးတို့က စိတ်နု။ ကျမက ရှောင်ရေးရတော့မယ်]

ကလေးနှစ်ယောက်ကိုသူနဲ့အတူအိပ်ရမယ်ဆိုပြီး အောက်ထပ်ကအခန်းတစ်ခန်းကို ထည့်ပစ်သည်။ ကိုကိုကြီးက ကလေးတွေနဲ့ဒီအခန်းထဲမှာနေရမယ်၊ မင်းထွက်သွားဖို့ ကြိုးစားကြည့် မင်းကိုတံခါးပိတ်ထားမယ်ဆိုပြီး သူ့ကိုပြောသည်။ သူက ဘယ်လိုထွက်သွားနိုင်မှာလဲ။ တကယ်တမ်းသာ ထွက်သွားရင် သူရူးသွားလောက်မှာ။ မမကပါ သူနဲ့အတူ အခန်းထဲမှာလာနေပေးသည်။ မမ လာနေပေးမှရမှာပေါ့။ ကလေးတွေက မမကိုခင်တွယ်မှဖြစ်မယ်လေ။ မမကို သူတို့လေးတွေရဲ့ အမေလို့ မှတ်ယူရမှာလေ။ အနှီးလေးနဲ့ထုတ်ထားပြီး အိပ်ရာပေါ်မှာအိပ်ပျော်နေတဲ့ ကလေးနှစ်ယောက်ကိုသူ့ကြည့်နေတာဖြစ်ပြီး အကြည့်မလွှဲနိုင်ဖြစ်နေသည်။ ဒီသေးသေးလေးတွေက သူမွေးထားတာတဲ့လေ။ ဘဘကြီးကတော့ ဆေးရုံမှာရှိတုန်းကလည်း လာကြည့်သည်။ ဒီပြန်ရောက်တော့လည်း အားတိုင်းလာကြည့်သည်။ မေမေကြီးကတော့ လုံးဝလာမကြည့်ပေ။

"ငါ့မြေးတွေ အိပ်နေတာလား ငြိမ်နေတာပဲ"

အခုလည်း အခန်းထဲကိုဝင်လာသည်။ ဘဘကြီးက မမသခင်ရှိရင်တော့မလာပေ။ မမသခင်ကို အားနာလို့ဖြစ်မည်။

"အိပ်နေတာ ဘဘကြီး"

"အိပ်နေတာကြည့်ပါအုန်း၊ နှစ်နှစ်ခြိုက်ခြိုက်ပဲ ရှေးဘုန်းသမ္ဘာပေါက်စတွေလား ဟေ"

တကယ်လည်းကလေးနှစ်ယောက်ကသူနဲ့တူတာနည်းနည်း ကိုကိုကြီးနဲ့တူတာများများဖြစ်သည်။ ကိုကိုကြီးနဲ့တူတာများသလို ကိုကိုကြီးလိုပညာတတ်လေးတွေ ဖြစ်ဖို့ သူရည်ရွယ်ပါသည်။

"ဘယ်လိုနေသေးလဲ"

သူ့ကိုလှည့်မေးတော့ သူတောင့်ကနဲဖြစ်သွားသည်။

"အားလုံးကောင်းပါတယ် ဘဘကြီး"

"အင်း ကောင်းမှဖြစ်မှာပေါ့"

ဘဘကြီးက ကလေးတွေကိုတော့ချစ်သည်။ ခဏကြာတော့ ကိုကိုကြီးပါဝင်လာသည်။ ကိုကိုကြီးက အထဲရောက်တာနဲ့ အိပ်နေတဲ့ ကလေးတွေကို တစ်ယောက်ပြီးတစ်ယောက်ချီကြည့်သည်။ အိပ်နေလည်း လိုက်ချီနေတာဖြစ်သည်။ သူ ဘဘကြီးရော ကိုကိုကြီးရော ရှိနေတာကြောင့် အပြင်ထွက်ဖို့လုပ်လိုက်သည်။ သူတို့လွတ်လွတ်လပ်လပ် ကလေးတွေချီလို့ရအောင်ဖြစ်သည်။

EMPTY SPACE [Complete] U+ZWhere stories live. Discover now