အပိုင်း (၂၇)

9K 526 35
                                    

U+Z

"စိတ်မကောက်တော့နဲ့"

ရှေးဘုန်း ညစာ စားဖို့ခေါ်ပေမယ့် စိတ်ကောက်နေတဲ့သူက စောင်ထဲကမထွက်ပေ။ အိမ်က ပစ္စည်းတွေက မင်းအပိုင်း၊ ကိုယ်ကလည်းမင်းအပိုင်၊ ကိုယ့်ကိုမင်းပိုင်နေလို့ ကိုယ်ပိုင်တာတွေအားလုံးက မင်းအပိုင်လို့ ပြောတုန်းက ကြောင်စီစီလေးနဲ့ကြည့်နေတဲ့ကောင်လေးကို ရှေးဘုန်း ပွဲကြမ်းပစ်လိုက်သည်။ ပွဲကြမ်းရုံတင်မကပဲ နေ့ခင်းဘတ်ကြီး အတူနေလို့ဆိုပြီး ညစားလည်းဆင်းမစား၊ သူ့ကိုလည်းစကားမပြောပဲ ကောက်နေတာ။

"ကနုတ်!"

စောင်ပေါ်ကနေဖက်လာပြီး သူ့ကိုတတွတ်တွတ်လာခေါ်နေတာ။ ကောင်းကောင်းပြောလဲ နားလည်ပါတယ်။ ကိုကိုကြီးက လုံးဝမဟုတ်တော့ဘူးလို့ ကနုတ်ထင်တယ်။ နေ့ခင်းဘတ်ကြီး သူ့ကိုဆူနေရင်းနဲ့လည်း စိတ်မထိန်းနိုင်လို့ဆိုပြီး လုပ်ချင်တိုင်းလုပ်တယ်။ သူ့မှာ အောက်ကိုမဆင်းရဲပဲ သားနဲ့သမီးနဲ့ကိုလဲ အခန်းထဲမှာ အားလုံးလုပ်ကိုင်ပေးရတာ။ သားနဲ့သမီးက ဘာမှနားမလည်လို့ပေါ့။ အခုလည်း သူအစောကြီးနိုးနေတာ။ သားနဲ့သမီးကို ပါးပါးက ဖေဖေ့ကိုစိတ်ကောက်နေလို့ ဖေဖေတစ်ယောက်ထဲ ကျောင်းလိုက်ပို့မယ်လို့ ပြောနေတာ သူအကုန်ကြားသည်။ ပြန်လာနဲ့သူ့ဆီရောက်လာပြီး စိတ်မကောက်ဖို့လာပြောနေတာ။ သူ့မှာ သားနဲ့သမီးနဲ့လက်ခံပြီး မိသားစုအတူတူနေတော့မှ ကိုကိုကြီးကြောင့် ဖျားရတာနဲ့၊ ကိုကိုကြီးကြောင့် အိမ်ထဲကသူတွေကို မျက်နှာချင်းမဆိုင်ရဲလို့ အခန်းထဲအောင်းနေရတာနဲ့။ တစ်အိမ်လုံး သူနေမကောင်းလို့လို့ ပြောလိုက်ရင် ဘာကြောင့်လည်းဆိုတာ သိနေလောက်ပြီ။ နေကောင်းရဲ့သားနဲ့အောက်ကိုမဆင်းရင်လည်း ဘာဖြစ်တာလဲဆိုတာ ရိပ်မိနေလောက်ပြီ။

"ကနုတ်လို့ ကိုယ့်ကိုစကားမပြောပါအုန်း"

ရှေးဘုန်း ကောက်နေသူကိုဘယ်လိုချော့လို့ချော့ရမှန်းမသိဖြစ်နေသည်။ သူကလည်းသူပါပဲ။

"ကိုယ်မှားပါတယ်ကွာနော်၊ ကိုယ့်ကိုစကားပြောပါအုန်း၊ မင်းနဲ့နှစ်ယောက်ထဲရှိချိန်ဆိုရင် ကိုယ့်စိတ်ကဘယ်လိုမှထိန်းချုပ်လို့မရဘူး"

EMPTY SPACE [Complete] U+ZWhere stories live. Discover now