အပိုင်း (၂၆)

9.3K 493 5
                                    

U+Z

"ပါးပါးနေကောင်းသွားပြီလား"

"ကောင်းသွားပြီ လာပါအုန်း"

သားနဲ့သမီးက မနက်မိုးလင်းရင်သူ့ကိုနေကောင်းပြီလားမေးတတ်နေပြီ။ ဟိုရက်ကတုန်းက သူတို့ကျောင်းသွားပြီးပြန်လာတဲ့အထိ ကိုယ်ကမထနိုင်ဖြစ်သွားတာကို။ သူတို့ပြန်လာတော့လည်း ကိုယ့်အနားကပ်လို့မရ။ ကပ်ရင်ကပ်လို့ရပါတယ်။ ကိုကိုကြီးကိုက ပါးပါးနေမကောင်းသေးဘူး ပါးပါးကိုဂျီမကျရဘူး၊ ပါးပါးပေါ်တက်မထိုင်ရဘူးနဲ့လျှောက်ပြောနေတာ။ တစ်နေ့လုံးလည်း သူအောက်မဆင်းလိုက်ရဘူး။ ဆန်ပြုတ်ပန်းကန်လည်း ကိုကိုကြီးယူလာပြီးတိုက်၊ တစ်ခုခုလိုချင်ရင်လည်း ကိုကိုကြီးပဲဆင်းယူပေးတာ။ အဲ့လိုမဆင်းရတာလည်းကောင်းသွားတယ်လို့သူထင်သည်။ အောက်ပိုင်းကသက်သာရင်တောင် ရေချိုးမှမြင်ရတဲ့သူ့တစ်ကိုယ်လုံးက ကိုက်ရာစိပ်စိပ်လေးတွေနဲ့ ညိုညိုလေးတွေက ကျန်ရစ်နေတာကို။ အောက်ဆင်းလို့မမခက်မာတွေ့ရင်ပြောလို့ဆုံးမှာမဟုတ်တော့ဘူး။

"သမီးလေးက အိပ်ရေးဝပြီလား"

"ဝပြီ ပါးပါး"

"သားလည်းဝပြီ"

"ပါးပါးနဲ့မျက်နှာသွားသစ်မယ် လာ"

လာဆိုတာနဲ့ သားနဲ့သမီးကအနောက်ပါပြီးသား။ သားနဲ့သမီးကို သူတို့ဖေဖေက စာကြည့်ချိန်၊ ဆော့ချိန် ဆိုပြီးအချိန်လေးတွေသက်မှတ်ထားကာ သူတို့စာကြည့်စားပွဲပေါ်မှာ တင်ပေးထားတာ။ သားနဲ့သမီးကလည်း သူတို့ဖေဖေသက်မှတ်ထားတဲ့အတိုင်း သေချာလိုက်လုပ်သည်။ ဒီနေ့က သူတို့ကျောင်းပိတ်ရက်ဆိုတော့ အိမ်မှာတစ်နေကုန်ရှိနေတော့မှာဖြစ်သလို ကနုတ်မှာ သူတို့အတွက် နေ့လည်ဘက်စားဖို့ သွားရည်စာတစ်ခုခုလုပ်ပေးဖို့ စီစဉ်ထားသည်။

"သား ပါးပါးဆီယူလာ ပါးပါးလုပ်ပေးမယ်"

သူ့ဖေဖေလုပ်တာကိုကြည့်ပြီး ဂျယ်တွေကိုခေါင်းကိုသုတ်နေတာ။ သမီးဆံပင်လေးကိုဖွဖွလေးထုံးနေရင်း သားကိုလှမ်းခေါ်ကာ ပုံနေတဲ့ဂျယ်တွေကိုဖြန့်ပေးရသည်။

"‌သားဆံပင်နုနုလေးတွေ ဒါမသုံးရဘူးနော်"

"သုံးလိုက်ပြီလေ ပါးပါး"

EMPTY SPACE [Complete] U+ZWhere stories live. Discover now