12

7.1K 390 4
                                    

ဘေစင်ပေါ်ကနေဆင်းလိုက်တဲ့ Daisy ဟာ အားအင်ကုန်ခမ်းသွားတာကြောင့် ဘေစင်ပေါ်ကအဆင်းမှာ ခြေထောက်က ခွေကျလို့သွားတာကြောင့် J ဟာ Daisy ဟာ ခန္တာကိုယ်လေးကို ထိန်းကာပွေ့ထားလိုက်သည်..

" မောင့် Daisy ပင်ပန်းသွားပြီပဲ လာမောင်ချီသွားမယ်"

Daisy ရဲ့ ခန္တာကိုယ်လေးကို ပွေ့ချီကာ အခန်းထဲဝင်လာလိုက်ပြီး သူရဲ့ အနွေးထည်အကျီကိုပေးဝတ်လိုက်ပြီး

" ဒီည မောင်နဲ့ အိပ်ရမယ် "

J ပေးတဲ့ အနွေးထည်အကျီလေးကို ဝတ်ရင်း ခေါင်းညိတ်ပြလိုက်တဲ့ Daisy.. အစက ဗိုက်ဆာနေပေမယ့်ခုတော့ ဗိုက်ဆာတာထက် ပင်ပန်းပြီး အိပ်ချင်လာတာကြောင့် အဝတ်အစားလဲပြီးတာနဲ့ အိပ်ယာပေါ်တက်ကာ စောင်လေးခြုံကာ J ကိုစောင့်လို့နေသည်..

" မောင့် Daisy က အိပ်ချင်နေပြီနဲ့တူတယ် "

" အင်း ဟုတ်တယ် J ငါ အိပ်ချင်လာလို့ "

Daisy ခြုံထားတဲ့ စောင်လေးကိုဆွဲမကာ သူပါတူတူဝင်လှဲလိုက်ပြီး

" လာ မောင်လက်ပေါ်လာအိပ် ဖတ်ထားချင်လို့ "

J ရဲ့ လက်မောင်းပေါ် ခေါင်းလေးအုံးကာ လက်လေးနှစ်ဖက်က ရင်ဘက်နှစ်ခုကြားနေရာယူ၍ လက်သီးလေးစုတ်ထားကာ ခဏလေးအတောအတွင်းမှာတင် အိပ်မောကျသွားတဲ့ Daisy..

J ဟာ Daisy အိပ်မပျော်ခင်လေးမှာ နဖူးလေးကို အနမ်းပေးလို့ အိမ်မက်လှလှမက်ပါစေလို့ဆုတောင်းပေးလိုက်ပေမယ့် ဆုတောင်းလေးက မပြည့်ဝခဲ့..

Daisy ဟာ နုနုဖတ်ဖတ်လေးနဲ့ ခန္တာကိုယ်သေးသေးလေးကြောင့် တော်ရုံအကြမ်းအရမ်းနဲ့ အပင်ပန်းကိုမခံနိုင် ညက အဖြစ်အပျက်ကြောင့်ပါ Daisy ဟာ အဖျားတငွေ့ငွေ့တက်လို့လာသည်..

ညလယ်လောက်မှာ အိမ်မက်ဆိုးတွေမက်နေကာ သူ့ကိုဖတ်လို့ထားတဲ့ J ရဲ့ အကျီကို ကျစ်ကျစ်ပါအောင်ဆုတ်ရင်း ငိုလို့နေသည်...

" ဟင့် ဟင့် ဟင့် ဟင့် "

" Daisy Daisy မောင်ခေါ်နေတယ်လေ "

" အားးးးး "

အလန့်တကြားအော်ကာ အိပ်ယာထဲကနေငေါက်ခနဲထထိုင်လိုက်တာ Daisy.. Daisy ကြောင့် သူပါထထိုင်နေတဲ့ J.. သူရှေ့က J ကိုမြင်တော့ ရင်ခွင်ထဲ တိုးဝင်ပြီး ဖတ်ကာငိုလို့နေပြန်တယ်..

Daisy  (complete) Where stories live. Discover now