68

3.4K 223 23
                                    

ဆိုင်လေးဖွင့်ဖို့ ခွင့်တောင်းပြီးထဲက နောက်နှစ်ရက်လောက်မှာ အားလုံးပြင်စင်ပြီးသားဖြစ်လို့နေတဲ့ ဆိုင်လေး..J ဟာ Daisy လိုချင်တာမှန်သမျှ ချက်ချင်းရအောင်မရရတဲ့နည်းနဲ့လုပ်ပေးတက်တာအမြဲ..ဆိုင်လေးက Daisy အကြိုက်သေချာလေးပြင်စင်ပေးထားတာကြောင့် Daisy ဟာ သူဘာတခုမှမသိပဲ သူအကြိုက်ဖြစ်နေတာကြောင့် J ရဲ့ သူအပေါ် ဂရုစိုက်မှုကို ကျေနပ်ရသေးသည်..

ဆိုင်လေးက သားဖြစ်သူကျောင်းနဲ့လည်း နီးသလို J အလုပ်နဲ့လည်း မဝေးတာကြောင့် သားဖြစ်သူကို ကျောင်းကြိုရင် ဆိုင်ကိုခဏလောက်ပိတ်ခဲ့ပြီး ပြန်ရောက်မှ ပြန်ဖွင့်ကာ ညနေမှ J ပြန်ဝင်ကြိုမှ အတူတူပြန်ကြသည်..

Daisy ရဲ့ ပန်းဆိုင်လေးသို့ အလုပ်ကအပြန်ဝင်ကြိုတဲ့ Jungkook..ဆိုင်ထဲမှာ မြင်လိုက်ရတဲ့မြင်ကွင်း.

ပန်းလာဝယ်တဲ့ အမျိုးသားက Daisy လက်ကိုကိုင်လို့နေတာကြောင့်ဖြစ်သည်...

တကယ်တော့ Daisy က ထိုအမျိုးသားဝယ်တဲ့ နှင်းဆီပန်းလေးကို​အရွက်ချွေရင်း အဆူးထိုးမိသွားကြောင့် ထိုအမျိုးသားကလည်း အနားကိုဘယ်လိုရောက်လာမှန်းမသိ လက်ကိုကိုင်ကာသွေးညစ်ပေးနေချိန် J ကရောက်လာပြီး ထိုအမျိုးသားကို ပခုံးကနေဆွဲကာ မျက်နှာကိုလက်သီးဖြင့် ထိုးလိုက်တော့သည်..

ခွက်

" J! !!"

" Daisy မင်းက ဒီလိုအလုပ်လုပ်တာ ငါ့ကွယ်ရာမှာ တောက်! !!"

ဖြောင်း

" Daisy !!!"

Daisy ဟာ တကယ်တော့ သူ့ကိုအထင်လွဲလို့စိတ်ဆိုးကာရိုက်လိုက်မိသလို သူကာစတန်မာကို ခုလိုမမေးမစမ်းပဲ ထိုးလိုက်တာကြောင့် J ကိုရိုက်လိုက်မိပေမယ့်

တကယ်တန်းတစိမ်းတယောက်ရှေ့မှာ J ကိုရိုက်လိုက်တာဟာ သူမှားမှန်းသိသွားချိန်မှာတော့ Daisy ဟာ J နောက်ပြေးလိုက်သွားပေမယ့် J ရဲ့ကားကတော့မောင်းထွက်လို့သွားပြီ..

Daisy ဆိုင်ထဲဝင်လာတော့ ထိုကာစတန်မာက
မပြန်သေး..တကယ်တော့ထိုကာစတန်မာက Jeon Tae လေးရဲ့ကျောင်းဆရာ သူ့မှာလည်း အမျိုးသမီးလေးရှိသလို သူ့ရဲ့ကလေးကလည်း Jeon Tae ရဲ့ သူငယ်ချင်းလေး အမျိုးသမီးအတွက်နှစ်ပက်လည်လက်ဆောင်ပေးရန်ပန်းဝင်ဝယ်ရင်း Daisy ခုလိုဖြစ်လို့ အမျိုးသမီးကိုလုပ်ပေးနေကြဖြစ်တာကြောင့် အကျင့်ပါလို့သွားတာ..

Daisy  (complete) Where stories live. Discover now