59

3.2K 238 22
                                    

J ဟာ ချက်ချင်းပဲ ဖုန်းကိုထုတ်ကာ Jimin ကို ဆက်လိုက်တော့သည်..တဖက်ကတော်တော်နဲ့ မကိုင် ဖုန်းကျခါနီးမှ ကိုင်လာတဲ့ ဖုန်း...

" Jimin Daisy ဘယ်မှာလည်း ဘာလည်း ကလေးရှိနေတာတောင် မင်းကလိုချင်နေသေးတာလား "

" Jungkook လား Hyung ပါ jimin က မုန့်မှာနေလို့ "

" Hyung နဲ့ Jimin က ဘယ်လိုလုပ် "

" မင်းမသိသေးဘူးထင်တယ် Hyung နဲ့ Jimin က တွဲနေကြတာ "

" ဘယ်လို Hyung နဲ့ "

" အင်းဟုတ်တယ် ဟော ဟိုမှာ ကလေးလာပြီ ခဏလေးဖုန်းပေးလိုက်မယ်"

Jimin ဟာ မုန့်ဗန်းလေးကိုကိုင်ကာ အနားရောက်လာပြီး သူးဖုန်းကိုပြောနေတဲ့ Yoongi ကိုမျက်ခုံးလေးပင့်ပြကာ မေးလိုက်သည်..

" ဘယ်သူ "

" Jungkook ဘာဖြစ်လို့လည်းမသိဘူး ကလေးနဲ့ စကားပြောချင်လို့တဲ့ "

" Hello ပြော "

" Jimin မင်းဘာသိလည်း ငါ့ကိုပြောပြပါ မင်းသိသမျှ ငါ့ကိုပြောပြပေးပါ ကျေးဇူးပြု၍ ပြောပြပေးပါ "

တဖက်က J ရဲ့ အသံဟာ ငိုတဲ့အသံပါ ပါလာတာကြောင့် Jimin မှာ အနည်းငယ်အံ့သြမိတယ် J လိုကောင်မျိုးက အခုလို ငိုလောက်တဲ့ အထိဖြစ်စရာအကြောင်းမရှ်ိ..

သူသာ တကယ် Tae ထင်သလိုဆို ဒီကောင်ငိုနေစရာဘာအကြောင်းမှ မရှိဘူးလေ..ဒါပေမယ့်လည်း J ဆိုရင် မယုံကြည်တဲ့ Jimin က ခုဏစဥ်းစားနေတာကိုဖယ်လိုက်ကာ..

" မင်းဘာလုပ်ထားလည်းမင်းသိမှာပေါ့ "

" မဟုတ်ဘူး အဲ့တာ Daisy ထင်သလိုမဟုတ်ဘူး Daisy ဘယ်သွားလည်း မင်းသိတယ်မဟုတ်လား ငါရှင်းပြမှ ရမယ် ငါက အဲ့လိုလုပ်စရာလားကွာ ငါ Daisy ကိုဘယ်လောက်တောင်ချစ်လည်းမင်းအသိဆုံးပါကွာ ကျေးဇူးပြုပြီး ပြောပြပေးပါ Jimin ရာ ငါတောင်းပန်ပါတယ် မင်းသိရင်ပြောပြပေးပါ "

" Jungkook မင်းတကယ်မဟုတ်ဘူးဆိုရင်တောင် Tae ဘယ်ကိုသွားလည်း ငါမသိဘူး ..ငါကို မင်းအဲ့လို မေးမယ်ဆိုတာသူသိနေလို့ လုံးဝငါ့ကိုပြောမပြသွားဘူး jungkook အဝေးတနေရာကိုလို့သာငါကိုပြောသွားတယ် ငါမကူညီနိုင်တဲ့အတွက် sorry ပါ ကွာ "

Daisy  (complete) Where stories live. Discover now