75

3.5K 203 29
                                    

" ပြွတ် အချစ် morning "

မနက်စာပြင်နေတဲ့ Daisy ရဲ့ပါးပြင်လေးကိုအနမ်းလေးပေးလိုက်တဲ့ J..အနမ်းလေးပေးလိုက်တော့ မို့တက်သွားတဲ့ ပါးပြင်​​လေး..

" J သားရော မနိုးသေးဘူးလား ကျောင်းချိန်နီးနေပြီ တခါထဲမနိုးခဲ့ဘူးလား "

" appa သားက 10 နှစ်ကျော်ရှိနေပြီ ကလေးမဟုတ်တော့ဘူး သားသိပါတယ် "

အနောက်နေရောက်လို့လာတဲ့ Jeon Tae. appa ဖြစ်သူက သူ့မနိုးသေးဘူးအထင်နဲ့ Daddy ကိုပြောနေတာကို မကျေမနပ်နဲ့ ပြန်ပြောနေတာ..

" ဟုတ်ပါပြီ appa သား လူကြီးလေးရဲ့ ထိုင်ထိုင် မနက်စာ စား appa သွားစရာရှိလို့ "

" appa ကဘယ်သွားမှာလည်း "

" ဆေးရုံ "

appa ဖြစ်သူက ဆေးရုံလို့ပြောလိုက်တော့ ချက်ချင်းမျက်နှာပျက်သွားကာ ထိုင်နေရာကနေအပြေးအနားသို့ရောက်လာပြီး ပါးပြင်လေးကိုကိုင်ကာ..

" appa ဘယ်နားနေမကောင်းလို့လည်း "

J ရော Jeon Tae ရောက ဒီတိုင်းကြည့်မယ်ဆို သွေးအေးတဲ့သူလို့ထင်ကောင်းထင်ရပေမယ့် အလွန်မှ နွေးထွေးတဲ့ နှလုံးသားရှိတဲ့ သူတို့နှစ်ယောက်က အပြုအမှုလေးတွေကိုကြည့်ရင်အရမ်းသိသာသည်..Daisy လည်း သားဖြစ်သူရဲ့လက်ကလေးကိုဆုပ်ကိုင်လိုက်ကာ

" ဘာမှမဖြစ်ပါဘူး သားရဲ့ appa က သားအတွက် ညီမလေးမွေးပေးမလို့ အဲ့တာ "

" ညီမလေး ညီမလေး ဟုတ်လား သားသူငယ်ချင်း Shinwoo လို သားက ညီမလေးရတော့မှာလား ဟုတ်လား appa "

သူပြောလိုက်တော့ ကလေးတော်တော်များများမှာဖြစ်တက်ကြတဲ့ သူ့နေရာကိုယူတော့မယ်ဆိုတဲ့ သူ့ထက်အငယ်ကိုလက်ခံမပေးနိုင်ကြတာများကြပေမယ့် Jeon Tae လေးက အဲ့သည်လိုမဟုတ်.ညီမလေးလို့ပြောလိုက်တဲ့ချိန်မှာ ရင်ထဲကပျော်ရွှင်သွားတဲ့ အပျော်က မျက်လုံးလေးမှာ​အထင်းသားမြင်လိုက်ရသည်..

" သားက ညီမလေးလိုချင်နေတာလား "

" ဟုတ် သားက appa ကို ညီမလေးလိုချင်တယ် ပြောချင်ပေမယ့် appa ပင်ပန်းတာကိုသားမလိုလားဘူး အဲ့တာကြောင့် သားမပြောခဲ့တာ shinwoo ညီမလေးကလေ အရမ်းချစ်ဖို့ကောင်းတာပဲသိလား "

Daisy  (complete) Where stories live. Discover now