22

5.2K 305 10
                                    

" J "
....
ကျောင်းတက်တယ်ဆိုလို့သာ ခွင့်ပြုထားတဲ့ J ဟာ Daisy ကိုအခြား ဘယ်ကိုမှ ထွက်ခွင့်မပြု..ဒါကြောင့်လည်း Daisy ဟာ သူမွေးနေ့မှ Jimin ကို ဘာမှ မကျွေးရသေးတာလည်းပါသလို..Jimin ကလည်း မွေးနေ့တုန်းက လျှောက်မလည်ရလို့ စိတ်ဆိုးနေတာကြောင့် Taehyung ဟာ jimin ကို ချော့တဲ့ အနေနဲ့ ကျောင်းမတက်ပဲ Jimin နဲ့ တူတူ လျှောက်လည်ဖို့ ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်..Taehyung မသိလိုက်သိတာ သူ့အခုလိုထွက်တာနဲ့ J စီ သတင်းပေးမယ့်သူ့က သူ့အနားမှာ ရှိနေတယ်ဆိုတာပင်..

" Jiminna စိတ်မဆိုးပါနဲ့ကွာ မင်းကလည်း နော်လို့ ဟီးဟီး "

" လာမရီပြနဲ့ "

" ဟင့်ဟင့် "

" ရားးး ဘာလို့ငိုတာလဲ မငိုနဲ့ "

" ဟီးဟီး မင်းကမရီနဲ့ဆိုလို့ငိုပြတာလေ "

" ငါလုပ်လိုက်ရ ငါကတကယ်ထင်နေတာ "

" လာအပြင်လျှောက်လည်ကြမယ်နော်"

" ကျေနပ်တာမဟုတ်ဘူးနော် "

Taehyung နဲ့ Jimin ဟာ ကျောင်းကနေတူတူ Jimin ကားကိုစီးလို့ခိုးထွက်လာခဲ့ကြသည်..ဒါပေမယ့် တဖက်မှာတော့ သတင်းရတာနဲ့ ချက်ချင်းဆိုသလို လုပ်နေ့တဲ့ အစည်းအဝေးကို တပိုင်းတစနဲ့ထားခဲ့ကာ Daisy ရှိရာ ကုန်တိုက်ကို ထွက်လာခဲ့တဲ့ J..

ကုန်တိုက်ရဲ့ ရေခဲမုန့် ဆိုင်လေးထဲ Jimin နဲ့တူတူ စကားတွေပြောကာ ပြုံးပျော်နေတဲ့ Taehyung.. ဝင်ပေါက်ကိုကျောပေးထားတဲ့ Taehyung ဟာ J ဝင်လာတာကို မမြင်သလို Jimin လည်းမမြင်.. Jimin က သူရေခဲမုန့်လေးကို ခက်ကာ Taehyung ကို ခွံကျွေးဖို့ လုပ်လိုက်တော့..
Taehyung က အစကတော့ ကြောင်ကြည့်နေသေးတယ်..

" စားကြည့် ငါ့စားတဲ့ အရသာကတမျိုးလေ "

Jimin ခွံကျွေးတာကို စားလိုက်ချိန်မှာ အနားကိုရောက်လာတဲ့ J.. အဲ့တော့မှသာ နှစ်ယောက်စလုံး J ကိုမြင်လို့သွားသည်..

" Daisy!!!! "

" J "

အိမ်အပြန်လမ်းတလျှောက် တိတ်ဆိတ်စွာ လာခဲ့ကြပေမယ့် ကားမောင်းသူ J ရဲ့ ကားမောင်းတဲ့ အရှိန်ကတော့ လေယာဥ်ပျံအလား..

အိမ်ရှေ့စဥ်ဝင်အောက်မှာကားကိုရပ်ကာ ကားပေါ်က ဆင်းလိုက်တာနဲ့ အသင့်ဖွင့်ထားတဲ့တံခါးမှ အိမ်ထဲသို့ တရွတ်မတိုက်ရုံ ဆွဲခေါ်လာကာ ဧည့်ခန်းက ကြမ်းပြင်ပေါ်ဆွဲချခြင်းခံလိုက်ရတဲ့ Daisy..

Daisy  (complete) Where stories live. Discover now