71

2.9K 201 26
                                    

နောက်ခန်းထဲ မနက်စာ အစားအသောက်ပြင်နေတဲ့ Daisy ကိုစောစောစီးစီးနိုးပြီး ဘေးက ကပ်ချွဲနေတဲ့ J..ဘေးကအားမရကာ အနောက်ကသိုင်းဖက်လိုက်ပြီး .ပခုံးပေါ်မေးလေးတင်လို့မှေးအိပ်နေသေးပြန်တဲ့ J

" Daisy ဘာလုပ်နေတာလည်း "

" သားအတွက်ထမင်းဘူးလေ J "

" Daisy သားကကျောင်းမှာ ထမင်းစားတာမဟုတ်ဘူးလား ပြီးတော့ အဲ့လို အရုပ်ထမင်းဘူးကိုကြိုက်ပါ့မလား သားကမောင်နဲ့တူတယ်လေ အဲ့လိုမျိုးတွေသဘောကျမယ်မထင်ဘူး"

"​ကျောင်းမှာစားတာပါ ဒီနေ့မှထူးထူးဆန်းဆန်း လုပ်ခိုင်းနေတာ..ပြီးတော့ မောင် သားက ခုမှ 10 နှစ်ကျော်ပဲရှိသေးတဲ့ကလေးတယောက်ပါ ဘယ်လောက်ပဲ လူကြီးလေးလိုနေနေ ကလေးက ကလေးပါပဲ"

" မောင်တော့မထင်ဘူးနော် "

Daisy ဟာ J ဘက်ကိုလှည့်ကာ ပါးပြင်လေးနှစ်ဖက်ကိုလက်ဝါးလေးနဲ့အုပ်ကိုင်လိုက်ပြီး

" မောင် လည်း ငယ်ငယ်က လူကြီးလေးလို နေခဲ့ပေမယ့် တကယ်အတွင်းစိတ်က ကလေးလေးပါပဲနော် Daisy မသိပဲနေမလားမောင်ရယ် "

" ခုထိလည်း ကလေးပဲလေ သိလား."

" ဘာကလေးလည်း "

" ညတိုင်းချိုချိုစို့ချင်တဲ့ကလေး "

" ရားး J "

သူ့ကိုယ်သူကလေးလို့ပြောကာ Daisy ရဲ့ ရင်ခွင်ထဲတိုးကာချွဲလို့နေတဲ့ J ကို Daisy မှာတွန်းကာဖယ်နေလည်းမရ..

" J ဖယ်ကွာ ဘာဖြစ်နေမှန်းမသိဘူး.ခဏနေသားနိုးလာတော့မှာ ဖယ်တော့ "

" လွမ်းလို့ပါကွာ "

" ဘယ်လို ဘယ်လို လွမ်းလို့.. မင်းနဲ့ငါက တစ်ကုတင်ထဲအိပ်တဲ့ လင်လင်တွေပါနော် ခုလေးတင်မှအိပ်ယာနိုးပြီး ရှေ့ဆင့်နောက်ဆင့်ထလာကြတာလေ "

" အဲ့တာလည်းလွမ်းတာပဲကွာ မသိဘူးလွမ်းတယ်လွမ်းတယ် လွမ်းတယ် "

ပါးစပ်ကလည်းပြော လက်ကလည်း Daisy ရဲ့
ခန္တာကိုယ်လေးကို ဂျိုင်းကနေမချီလိုက်ကာ စားပွဲပေါ်ထိုင်စေလို့ စားပွဲပေါ် လက် ထောက်ကာ ခါးလေးကိုင်းလို့ Daisy ရဲ့ မျက်နှာလေးနားတိုးကပ်သွားကာ..

Daisy  (complete) Where stories live. Discover now