36

4.6K 313 27
                                    

Taehyung ဟာ Jin ကို အကူအညီတောင်းပြီးတာနဲ့ Hobi ဘက်လှည့်ကာ..

" Hyung ကျွန်တော် ကျွန်တော်လေ J အနားမှာနေပေးလို့ရမလား "

" ရတာပေါ့ သခင်လေးရယ် J က သခင်လေးကို အရမ်းလိုအပ်နေတာ ကျွန်တော်မှာ နည်းမျိုးစုံဖြင့် ရှာခဲ့တာပါ ခုလိုပြန်တွေ့ရမယ်လို့လုံးဝမထင်ခဲ့ဘူး "

" J က လက်ခံပါ့မလား Hyung "

အခန်းဝရှေ့မှာ နှစ်ယောက်သားစကားအရင်ပြောကြပြီးမှ နှစ်ယောက်တူတူအခန်းထဲသို့ဝင်လာခဲ့ကြသည်..ဆေးရုံကုတင်လေးပေါ် ထိုင်ကာ အဝေးကိုသာငေးကြည့်နေတဲ့ J...Hobi ရဲ့ ခေါ်သံကြောင့် အနောက်က်ိုလှည့်ကြည့်လို့လာသည်...

" ငါ့ညီ ဒီမှာလေ မင်းကို ပြုစုဖို့အတွက် လူခေါ်ထားတယ် "

J ဟာ Hobi ပြောလိုက်တော့ J ရဲ့ အကြည့်တို့က Hobi အနောက်မှာရပ်လို့နေတဲ့ Tae စီကိုရောက်လို့လာကာ..

" အာ မနက်က ပန်းပို့ပေးတဲ့တယောက် "

" ဟုတ်ကဲ့ ကျွန်တော်နာမည် Kim Taehyung ပါ "

J ဟာ Tae နာမည်ပြောလိုက်တဲ့ချိန်မှာ မျက်မှောင်တချက် ကုတ်လို့သွားကာ Tae ကိုသေချာစိုက်ကြည့်လို့နေသည်..

" ငါ့ညီ အဆင်မပြေတာရှိလို့လား "

" ဟင့်အင်း "

J ဟာ ချက်ချင်းဆိုသလိုပင် တဘက်ကိုလှည့်လို့သွားပြီး အသံနေအသံထားက အစ ပြောင်းလို့သွားသည်..

" Hyung က ဘယ်သွားမလို့လည်း "

" Hyung က Korea ခဏပြန်မှဖြစ်မယ် ငါ့ညီ သူဌေးပြန်ခေါ်နေလို့ အရေးကြီးကိစ္စလေးရှိလို့ပါ ငါ့ညီအဆင်မပြေတာရှိလို့လား "

" မရှိပါဘူး မေးကြည့်တာ သူက ဘယ်တော့လာမှာလည်း"

" ကျွန်တော် မနက်ဖြန်လာခဲ့ပါမယ် "

" မင်းကို မမေးဘူး ငါ့ အကို ကိုမေးနေတာ "

J ပြောလိုက်တဲ့ စကားကြောင့် Tae ဟာ ချက်
ချင်းဆိုသလိုပင် မျက်နှာပျက်လို့သွားကာ မျက်ဝန်းအိမ်ထဲ မျက်ရည်တို့ကပြည့်လျှံလာတော့သည်..

J ရဲ့စကားကြောင့် Hobi မှာ Tae ကိုလှည့်ကြည့်လိုက်ပြီး နားလည်ပေးဖို့ အပြုံးလေးဖြင့် ပခုံးလေးပုတ်ကာ နှစ်သိမ့်လိုက်သည်...

Daisy  (complete) Where stories live. Discover now