23

4.8K 293 7
                                    

J ဟာ ပြန်နိုးလာချိန်မှာ ကမန်းကတန်းထလို့လာသည်..သူတော်တော်လေးအိပ်ပျော်သွားခဲ့တာလေ..သူမနက် 10 နာရီလောက်ထဲက အိပ်ပျော်သွားလိုက်တာ ညနေ 4 နာရီမှ သူနိုးလာခဲ့သည်..သူနိုးလို့ ကုတင်ပေါ်က Daisy ကို ကြည့်လိုက်ချိန်မှာ သူကိုကြည့်နေတဲ့ Daisy..

" Daisy မောင်လေ မောင် တောင်းပန်ပါတယ် မောင် ညက "

" မပြောနဲ့တော့ J "

" မဟုတ်ဘူး မောင် တောင်းပန်ပါတယ် Daisy "

သူလက်ကလေးကိုဆုတ်ကိုင်ကာ တောင်းပန်လို့နေတဲ့ J..ဆုတ်ကိုင်ထားတဲ့ လက်ကလေးကို ဆွဲထုတ်လိုက်တော့ J ဟာ Daisy စိတ်ဆိုးနေတယ်ထင်ကာ မျက်နှာလေးပျက်လို့သွားတော့ Daisy ဟာ J ရဲ့ ပါးပြင်လေးကိုကိုင်လိုက်ကာ..

" ချစ်တယ် J "

" ဟင် Daisy "

" ငါ နောက်ဆို မင်းမကြိုက်တာ မလုပ်တော့ပါဘူး "

" Daisy "

" J ငါ ရေဆာတယ် ငါနိုးနေတာ ကြာပြီ မင်းအိပ်နေလို့ နိုးသွားမှာဆိုးလို့ ငါငြိမ်နေတာ "

" Daisy ရယ် မောင်လေ "

" ရေသောက်ချင်ပြီလို့ "

Daisy ဟာ J ရဲ့ သူ့အပေါ်စိတ်မကောင်းဖြစ်စွာပြောနေတာတွေကိုနားမထောင်ချင်တော့သလို J ကိုလည်း သူသိပ်ချစ်တာကြောင့် J အပေါ်မှာ သူလုံးဝ အပြစ်ဆိုတာကို မမြင်တော့ ဒါကြောင့်ပဲ J တောင်းပန်တာတွေ နားမထောင်ချင်တော့တာကြောင့် ရေသောက်ချင်ပြီဆိုတာကို J သဘောကျတဲ့ ပုံစံခက်ချွဲချွဲလေးပြောလိုက်ချိန်မှာတော့  J ဟာ Daisy ရဲ့ ဆူပုတ်ပုတ်မျက်နှာလေးကို ဆွဲညစ်ကာ သဘောတကျပြုံးလို့ ထွက်သွားသည်..

" J ငါတို့ အပြင်လမ်းထွက်လျှောက်ကျရအောင် ဆေးရုံဝင်းထဲ ခဏလောက်ဖြစ်ဖြစ် "

" အင်း မောင် ဝှီးချဲသွားယူလိုက်အုံးမယ် "

"ဟင့်အင်း ငါလမ်းလျှောက်နိုင်တယ်လေ "

" မရဘူး ပင်ပန်းမယ် "

J ဟာ Daisy ကို ရေခွက်လေးပေးကာ ဝှီးချဲယူဖို့ အခန်းပြင်ထွက်မယ်အလုပ် J ရဲ့လက်ကိုလှမ်းဆွဲထားတဲ့ Daisy..

" ငါ ငါလေ မင်းနဲ့လက်တွဲပြီးလမ်းလျှောက်ချင်လို့ J"

Daisy ဟာခေါင်းလေးငုံ့လို့ မျက်နာငယ်လေးဖြင့်လုပ်ပြလိုက်ချိန်မှာတော့ J ဟာ ထိုမျက်နှာလေးကို မေးစေ့ကနေမကာ သူ့ကိုကြည့်စေလိုက်ပြီး အကြည့်ချင်းစုံကာ Daisy ကို ပြုံးပြလို့ လက်ကလေးကမ်းပေးလာသည်..

Daisy  (complete) Where stories live. Discover now