3

7.1K 496 37
                                    

အိမ်အကူအမျိုးသမီးကြီးရဲ့အကူအညီဖြင့်ရေမိုးချိုးကာ ဝယ်ပေးတဲ့အဝတ်အစားအသစ်တွေလည်းကာ အခန်းထဲကနေထွက်လို့လာတဲ့ Taehyung..ဧည့်ခန်းမှာ ရှိနေကြသေးတဲ့ Jeon မိသားစုနားသွားကာ

" သခင်ကြီး ပြီးပါပြီ "

Jk " ညစ်ပက်လေးက ခုတော့ သန့်သွားတာပဲ မင်းငါ့နောက်လိုက်ခဲ့ "

" ဟုတ် ဟုတ်ကဲ့ သခင်လေး "

သားဖြစ်သူက တသက်နဲ့တကိုယ် သူ့အခန်းကို ဘယ်သူမှ ဝင်တာမကြိုက် သလို သန့်ရှင်းရေးတောင် အမေဖြစ်သူသာလုပ်ခွင့်ပေးတဲ့ ကလေးက..

ခုလိုအလုပ်သမားတယောက်ရဲ့သားကို အခန်းထဲကိုလိုလိုရရခေါ်သွင်းတာကို သခင်ကြီးမှာ သဘောတော့မတွေ့ပေမယ့် သားဖြစ်သူကိုလည်း သူတားလို့ရမည် မဟုတ်တာကြောင့် လွှတ်ထားလိုက်ရသည်..

Jungkook ရဲ့ နောက်ကို ကုတ်ကုတ်လေးလိုက်သွားတဲ့ Taehyung.. အိမ်ပေါ်ထပ်က သူ့အခန်းထဲဝင်လို့သွားတဲ့ Jungkook..

အနောက်ကနေ့လိုက်သွားပေမယ့် အခန်းဝမှာရပ်လို့နေသေးတဲ့ Taehyung..Jungkook ရဲ့အော်သံကြားမှသာ အခန်းတွင်းသို့ ဝင်သွားသည်..

" ဘာရပ်လုပ်နေတာလည်း ဝင်ခဲ့ "

အခန်းထဲရောက်ပြန်တော့လည်း ဟိုကြည့်ဒီကြည့်နဲ့ ရပ်လို့နေတဲ့ Taehyung..

" ဒါငါ့အခန်းပဲ "

"ဟုတ် သခင်လေး "

" မင်းလျှောက်ကြည့်လို့ရတယ် "

Jungkook ခွင့်ပြုချက်ပေးပေမယ့် မဝံ့မရဲလေး ခြေတလှမ်းခြင်းတိုးကာ အရုပ်တွေစီလို့ထားတဲ့ နေရာကို သွားလို့ သဘောကျစွာကြည့်လို့နေတဲ့ Taehyung.

.အနောက်ကနေရောက်လာကာ လက်ကလေးပိုက်လို့ သူ့ရှေ့က ပါးစပ်လေး အဟောင်းသားနဲ့ မှန်ဘောင် ထဲက အရုပ်တွေကိုကြည့်နေတဲ့ Taehyung ကိုကြည့်ပြီး

" ကြိုက်လား "

"အဲ့တာ ဘာကောင်လည်း "

မှန်ဘောင်ထဲက အနီရောင်အရုပ်လေးကို လက်ညိုးထိုးကာမေးလိုက်တဲ့ Taehyung..နာမည်ကြီး hero အရုပ်ကိုတောင်မသိတဲ့ Taehyung ကို မျက်ခုံးလေးပင့်ကာ ပြန်ကြည့်နေမိတယ်..

Daisy  (complete) Where stories live. Discover now