အပိုင်း (၁၆) ဆရာ့စည်းကမ်းကို လိုက်နာပါ

Start from the beginning
                                    

လက်ရေးသည် သေသပ်ကာ အားပြည့်လေသည်။ ဖွဲ့စည်းပုံမှာ သန့်ရှင်းပြီး အဖြေသည် တစ်ချက်ကြည့်လိုက်ရုံနှင့် ရှင်းလင်းနေသည်။ အဆင့်များသည် ရှင်းလင်းကာ အစီအစဥ်ကျပြီး အဖြေစာအုပ်ထဲကထကက်ပင် ပိုအသေးစိတ် ကျလေသည်။ လီရှောက်၏အဖြေများထက်ပင် ပိုရှင်းလင်းသေးသည်။ နောက်ဆုံးအဖြေသည် အလွန်အဆင့်မီနေ၏။ ပြီးပြည့်စုံသည့် အဖြေတစ်ခုဟုပင် ပြောနိုင်လေသည်။

လီရှောက်က ကျောက်သင်ပုန်းကို မယုံကြည်နိုင်သလို ငေးကြည့်ကာ ဘာတစ်ခွန်းမှ မပြောသည်ကို မြင်လိုက်ရပြီးနောက် ရှန်ယွဲ့သည် အတန်းသားများဘက်သို့ လှည့်ကြည့်ကာ သူတို့၏မျက်နှာများကို ဝေ့ကြည့်လိုက်လေသည်။

ငါလေးကို ဂဏန်းတောင် မရေတတ်ဘူးလို့ လှောင်ပြောင်နေတဲ့ သူတွေက ဘာလို့ ဆက်မပြောကြတော့တာလဲ။

အကျယ်ဆုံးဖြစ်အောင် အော်ရယ်ခဲ့သည့် ကောင်လေးအချိုု့သည် အလွန်ရှက်သွားရာ ခေါင်းပင် မဖော်ရဲတော့ချေ။ ရှန်ယွဲ့က မေးခွန်းကို ဖြေနိုင်လျှင် -ျီးများကို ကုန်စင်အောင် စားပြမည်ဟု ကြေညာခဲ့သည့် အတန်းဖော်သည်လည်း စားပွဲအောက်တွင် ဆင်းပုန်းချင်စိတ် ဖြစ်သွားတော့သည်။

မိန်းခလေးနှစ်ယောက်ကသာ ရှန်ယွဲ့ကို ကြည့်လိုက်ပြီးနောက် တစ်ခုခုကို ရုတ်တရက် ရှာတွေ့သွားသလို ဖြစ်သွားတော့သည်။ သူတို့သည် အံ့ဩတကြီး ပြောလိုက်ကြလေသည်။

" ရှန်ယွဲ့ သူ့ဆံပင်ပုံစံကို ဘာလို့ပြောင်းလိုက်တာလဲ၊ သူ့ဆံပင်တွေကိုလည်း ကလစ်နဲ့ညှပ်ထားသေးတယ်"

ထိုအချိန်တွင်မှ ရှေ့ဆံပင်ထူထူနှင့် ဆံပင်အောက်တွင် အမြဲဖုံးကွယ်ထားသည့် မျက်လုံးများနှင့် မည်သူနှင့်မျှ မျက်လုံးချင်းမဆုံရဲခဲ့သည့် ရှန်ယွဲ့သည် သူမ၏ရှေ့ဆံပင်များကို ကလစ်သေးသေးလေးဖြင့် ခွဲညှပ်ထားပြီး သူမ၏မျက်လုံးဝိုင်းလေးများအား ထုတ်ဖော်ထားသည်ကို အားလုံးက သတိထားမိလိုက်ကြလေသည်။

လူများ၏ စူးစမ်းသည့်အကြည့်ဖြင့် အကဲခတ်ခံနေရသည့်တိုင် ရှန်ယွဲ့သည် တည်တည်ငြိမ်ငြိမ် ဖြစ်နေသည်။ သူမသည် လုံးဝ လန့်ဖြတ်မသွားချေ။ ဒါသည် ကျောင်းသားများအတွက် အရင်က တစ်ခုမှမမြင်ခဲ့ဖူးသည့် ကိစ္စပင်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now