အပိုင်း ( ၁၄) အရမ်းအကြင်နာမဲ့သွားတယ်

Bắt đầu từ đầu
                                    

ယွီဟောက်သည် တစ်ချိန်လုံး လစ်လျူရှုခံထားရလေသည်။ လူတိုင်းကြိုက်ကြသည့် ကျောင်း၏မင်းသားလေး၏ ဆွဲဆောင်မှုသည် ရှန်ယွဲ့ရှေ့တွင် အာနိသင်ပျောက်ဆုံးသွားတော့သည်။ သူ့မျက်နှာသည် ဖြူဖတ်ဖြူရော် ဖြစ်သွားပြီး တစ်ခုခုကို ပြောလိုက်ချင်လေသည်။

" ရှန်ယွဲ့ တကယ်ပဲ နင်ဘာဖြစ်နေချင်နေတာလဲ..."

" ငါ နင်နဲ့ အကျိုးမရှိတာတွေ မပြောချင်ဘူး"

ရှန်ယွဲ့သည် လက်ပိုက်ကာ ထိုနှစ်ယောက်ထံမှ ထွက်သွားလိုက်လေသည်။ သူမသည် သူတို့ကို တည်တည်ငြိမ်ငြိမ်ဖြင့် စိုက်ကြည့်ကာ အေးတိအေးစက် ပြောလိုက်လေသည်။

"ကျေးဇူးပြုပြီး ဟန်တစ်လုံး ပန်တစ်လုံးနဲ့ အထင်ကြီးအောင်လုပ်မနေနဲ့၊ ငါ နင့်ကို လုံးဝစိတ်ဝင်စားဘူး"

ရှန်ယွဲ့၏စကားကို ကြားလိုက်ပြီးနောက် သူမအပြုအမူများကို အရင်ကတည်းက ကြားဖူးကြသည့် ဘေးက ကျောင်းသားများသည် ဝါးခနဲအော်ရယ်ကြတော့သည်။ သူတို့သည် အရပ်မြင့်ပြီး ချောမောသူအကြောင်းနှင့် ဝ,ကာ ရုပ်ဆိုးသူအကြောင်းကို ပြောဆိုနေကြတော့သည်။

" အဲဒီဝက်မက ယွီဟောက်ကို အမြဲတမ်း ခွက်ရှ် ခဲ့တာမဟုတ်ဘူးလား၊ သူ ရုတ်တရက်ပြီး ဘာလို့ အကြင်နာမဲ့သွားတာတဲ့လဲ"

" ဟုတ်ပါ့၊ တခြားအချိန်မှာသာဆိုရင် ကျောင်းတော်ရဲ့မင်းသားလေးက သူ့ကို စကားလာပြောလို့ဆိုပြီး အပျော်လွန်နေမှာ ဟုတ်တယ်မလား"

" သူက ယွီဟောက်ရဲ့ သူငယ်ချင်းကို ရိုက်ပြီး သရော်နေတာလေ၊ ယွီဟောက်စိတ်ဝင်စားအောင် လုပ်နေတာလို့တော့ မပြောနဲ့နော်"

ယွီဟောက်ကိုယ်တိုင်ပင် သူမ၏အတိတ်ကအချစ်ဦးဖြစ်ခဲ့သောကြောင့် ရှန်ယွဲ့က တမင် အာရုံစိုက်အောင် လုပ်နေသည်ဟု ယုံကြည်နေလေသည်။ သူသည် ရှန်ယွဲ့၏ ဖားပြုပ်လို အပြုအမူကို အလွန်အထင်သေးလေသည်။

" ဘာပဲဖြစ်ဖြစ် ရှင်းအောင် ပြောလိုက်မယ်၊ နင် ဘာပဲလုပ်လုပ် ငါနင့်ကို ကြိုက်မှာမဟုတ်ဘူး၊ ကျေးဇူးပြုပြီး ငါ့ကို မနှောင့်ယှက်နဲ့တော့"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Nơi câu chuyện tồn tại. Hãy khám phá bây giờ