part (25)

3.7K 102 2
                                    

မောင် ဟု ခေါ်ဆိုအပ်သော(BL)

အပိုင်း(၂၅)
ဒီနေ့တော့ မနက်စာကို ထမင်းစားခန်းထဲမှာ မစားဖြစ်ပဲပန်းအိုးလေးတွေ၊ပန်းဆွဲပင်လေးတွေရှိတဲ့ လသာဆောင်မှာ စားဖို့ ပြင်လိုက်ကြသည်။

လသာဆောင်မှာ မနက်စာ ပြင်ပြီးသွားမှ လေက တဖြူးဖြူးနှင့် အတားအဆီး မရှိတိုက်နေတာကို ကျတော် သတိထားမိသွားသည်။

"လေတွေ အရမ်းတိုက်နေတယ် ဂျိတ်ရေ ဒီမှာ ထိုင်စားရင်တော့ ဖျားသွားလိမ့်မယ်"

ဟင်းပွဲတွေ ခင်းကျင်းစရာ ကုန်သွားပြီ ဖြစ်တာကြောင့် ဂျိတ်ဘီမင်းမြတ်၏ လက်ထဲ၌ စောင်တထည် ကိုသယ်ယူလာတာ မြင်ရသည်။

ကျတော့် ကိုယ်ပေါ်ကို သူယူလာသည့် စောင်ကို ပတ်ပေးလိုက်သည်။

"ပြန်ပြီး နေမကောင်းဖြစ်မှာစိုးလို့
ခြုံထားလိုက်နော် သွင်"

စောင်ကိုပါ ခြုံပြီး စားခိုင်းနေပြီမို့ အိမ်ထဲကို ပြန်ရွှေ့ဖို့ မဖြစ်နိုင်တော့ပေ။
ထိုင်လိုက်ရင်တော့ ပန်းအိုးထဲက အပင်တွေနှင့် ကွယ်နေမှာမို့ လေသိပ်တိုက်လိမ့်မည် မဟုတ်ပေ။

ကျတော်က စားပွဲဆီမှာ ထိုင်လိုက်ပေမယ့် ဂျိတ်က အိမ်ထဲသို့ နောက်တကြိမ် ပြန်ဝင်သွားလေသည်။

"ဂျိတ်ရေ လာလေ"

"လာပါပြီဗျာ လာပါပြီ လာပါပြီ"

ဒီတခါကျတော့ ဂျိတ်၏ လက်ထဲ၌ အငွေ့တထောင်းထောင်း ထနေသော ရေနွေးကရားအိုးကို မြင်လိုက်ရလေသည်။

"ရေနွေးသောက်တော့မယ်ပေါ့"

ကျတော်ဂျိတ်ကို ကြည့်ကာ သဘောတကျ မေးလိုက်မိသည်။

"မောင်က ဒီနေရာမှာ သွင်နဲ့ အတူတူနေဖို့ ဆိုရင် မြက်လည်း ရိတ်နိုင်ရမယ်၊ရွှံ့ထဲလည်း လမ်းလျှောက်နိုင်ရမယ်။
ပြီးတော့ ရေနွေးလည်း သောက်တတ်ရတော့မယ်လေ သွင်ရဲ့"

စကားတပြောပြောနှင့် ကျတော်နှင့် မျက်နှာချင်းဆိုင် ခုံပေါ်မှာ ဝင်ထိုင်သည်။
ပြီးတော့ ကြက်ပေါင်ကြော်လေးတွေကို ကျတော့်ပန်းကန်ပြားထဲသို့ လှမ်းထည့်ပေးနေသည်။

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now