part (10)

4.7K 143 2
                                    

မောင် ဟု ခေါ်ဆိုအပ်သော(BL)
အပိုင်း(၁၀)
ပြတင်းပေါက် မှန်ကနေ တဆင့် မြင်နေရသော အိမ်နံရံမှာ ကပ်ပြီး စိုက်ပျိုးထားသည့် လမ်းလျှောက်ပန်းပင်လေးတွေကို ငေးကြည့်နေမိသည်။

တစက်ချင်းကျနေသည့် မိုးစက်ကလေးကို မြင်နေရသည်မှာ လှနေသည်။
လက်တော့ နှင့် အလုပ်က စာရင်းတွေကို ပြန်စစ်နေရာမှ ထပြီး ပြတင်းပေါက်မှန်ဘက်ဆီသို့ လျှောက်သွားလိုက်သည်။

ခန်းဆီးလိုက်ကာစကို ဖယ်ကာ ပြတင်းတံခါးချပ်ကလေးတွေကို ဖွင့်လိုက်တော့ မိုးစက်မွှားမွှားလေးတွေက မျက်နှာကို လာစင်သည်။

ဒီလို မိုးစက်လေးတွေ၏အထိအတွေ့၊ဒီလို မိုးရနံ့၊ဒီလို မိုးနေ့မြင်ကွင်းမျိုးကို ကျတော် ချစ်သည်။

"ဒေါက် ဒေါက် ကျွိ"

တံခါးခေါက်သံနှင့် တဆက်တည်း တံခါးဖွင့်သံကို ကြားရသည်။
ဟော
ကျတော် လှည့်ကြည့်လိုက်တော့ နွားနို့တဖန်ခွက်ကို စတီးလင်ဗန်း သေးသေးလေးနှင့် ထည့်ကာ သယ်လာသည့် ဂျိတ်ဘီမင်းမြတ်ကို မြင်လိုက်ရလေသည်။

ပေါင်တံကျစ်ကျစ်၊ခါးသွယ်သွယ် ၊ဗိုက်ချပ်ချပ်နှင့် တီရှပ်ပွပွကြီးတွေသာ မပါလျှင် ကျစ်လျစ်နေသော ရင်ဘတ်ကြွက်သား၊ရင်အုပ်၊ပခုံးကျယ်များ၊လက်မောင်းကြွက်သားများ ကို မြင်ရမှာဖြစ်ပေမယ့် တီရှပ်ပွပွကြီးနှင့် မြင်ရသည့် အခါ ခပ်သွယ်သွယ် လူငယ်တယောက်ထက် ဘာမှ ပိုမထူးခြားချေ။

ဆံပင် ခပ်ရှည်ရှည် ခပ်လိပ်လိပ်တွေကြားက ပျိုနုဝင်းဝါသော မျက်နှာ ချောချောလေးက ထင်းထွက်နေလေသည်။
ပြုံးရင်တောင် ယောက်ျားပီပီသသ ပြုံးပြတတ်သည့် ကောင်ငယ်လေးကို မြင်လျှင် အလိုလို အားနည်းကာ မှီခိုချင်လာမိသည်။

ဒီလိုပြောလိုက်လို့ ကိုယ်တိုင်က နွဲ့သလား ဆိုတော့ တချက်မှ မနွဲ့တတ်သည့် ကျားကျားယားယားကြီးပင် ဖြစ်လို့နေသည်။

ဘဝရဲ့ သက်တမ်း တဝက်လောက်မှာ ငါ့မှာ ငါပဲ ရှိတယ် ဆိုတဲ့ စိတ်နဲ့ ကြံ့ကြံ့ခိုင်ခိုင် ရပ်တည်လာခဲ့သမျှ အခုကျတော့ ငါတယောက်တည်း မဟုတ်တော့ဘူး။ငါ့ကို ချစ်ပေးသည့် လူတယောက် ရှိလာပြီ ဆိုသည့် အတွေးနှင့် အားလျော့ ချပစ်လိုက်တာလည်း ပါပေလိမ့်မည်။

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now