part(6)

4.2K 153 0
                                    

အပိုင်း(၆)
"ဂျိတ်ဘီမင်းမြတ် မင်း အခု ထွက်လာခဲ့"
ရေချိုးပြီးပြီးချင်းမို့ အဝတ်အစားဝတ်နေသော ဂျိတ်ဘီမင်းမြတ်က သူ့အခန်း တံခါးဝမှာ ရပ်ပြီး ခေါ်လိုက်တဲ့ ကျတော့်ကို ကြည့်ကာ ပြုံးစေ့စေ့ မျက်နှာ ဖြစ်သွားလေသည်။

ချက်ချင်းပင် အင်္ကျီကို ကောက်စွပ်ပြီး အခန်းအပြင်ဘက်သို့ ထွက်လာသည်။
ပါးစပ်ကလည်း

"ကျတော် ခဏလေး ပြေးပြီး ရေချိုးတာတောင် ဦး က လွမ်းနေပြီပေါ့ ဟုတ်လား?"

တဲ့လေ။
ကျတော့်မျက်နှာကို ခပ်တည်တည်ထားကာ

"ပြောင်ချော်ချော်တွေ ပြောရမယ့် အချိန်မဟုတ်ဘူးနော် ဂျိတ်၊ကိုယ့်ဘာသာ ကိုယ် ဘာအမှား လုပ်ထားလဲ?
ပြန်စဉ်းစားကြည့်လိုက်အုံး"

ကျတော်က သူ့ကို  ပြောရင်းနဲ့ ဆိုဖာပေါ်မှာ ထိုင်လိုက်သည်။ဂျိတ်ဘီမင်းမြတ်ကလည်း ကျတော်နှင့် မျက်နှာချင်းဆိုင်က ဆိုဖာအရှည်ပေါ်မှာ ကောက်ကောက်ကွေးကွေး ကားယား လေး ထိုင်ချလိုက်သည်။

ချစ်စရာတော့ ချစ်စရာလေးပေမယ့် လန့်စရာလည်း ကောင်းသည့် ထိုင်ပုံ ထိုင်နည်းပင် ဖြစ်သည်။

"ဘာဖြစ်လို့ အမေလုပ်တဲ့ သူကို ဘာမှ မပြောဘဲနဲ့ ဦးနှင့် မေမြို့ထိ လိုက်လာခဲ့ရလဲ..?
နောက်ပိုင်းက အမေက ဘယ်လောက် စိတ်ပူ‌ေနရှာမလဲ ဂျိတ်"

ဂျိတ်ဘီမင်းမြတ်က ပခုံးနှစ်ဖက်ကို တွန့်ကာ လက်နှစ်ဖက်ကိုလည်း ကိစ္စမရှိပါဘူး ဆိုတဲ့ ဟန်ပန်ကို လုပ်ပြသည်။

"အမေက ကျတော့်ကို စိတ်မပူပါဘူး။သူ့မှာ သူ့အလုပ်တွေနဲ့ သူရှုပ်နေတာ။
ပြီးတော့ ကျတော်ကလည်း ဦး လို လူမို့လို့ လိုက်လာတာပေါ့၊တော်ရုံ ‌လူလောက်ဆို လိုက်လာနေပါ့မလား?"

"ဘာပဲ ဖြစ်ဖြစ်လေ။ အုပ်ထိန်းသူကိုတော့ အသိပေးတာပဲ ဖြစ်ဖြစ် လုပ်ခဲ့သင့်တာပေါ့ ဂျိတ်ရဲ့
အခုတော့ ကြည့်စမ်း ဦးက ဖုန်းဆက်ပြီး ဂျိတ် တော့ အန္တရာယ်ကင်းကင်းနဲ့ ရောက်လာပြီလို့ လှမ်းဖုန်းဆက်မှ ဖြူ့မှာ သိရတာ"

ဂျိတ်ဘီမင်းမြတ်က ကျတော့်ကို ဘာမှလည်း ပြန်မပြောသလို ၊ မျက်လုံးကြီး ပြူးကာ တခုခုကိုစဉ်းစားနေသလိုမျိုး ပုံစံနှင့် ကျတော့်ကို ငေးကြည့်နေ‌ေလသည်။

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now