part (11)

3.6K 123 0
                                    

မောင် ဟု ခေါ်ဆိုအပ်သော BL
အပိုင်း(၁၁)
"ထောပတ်ခြံက ဒီကနေ တော်တော်လှမ်းသေးလား သွင်"?

သွင်က အားကစားဘောင်းဘီကို စွပ်ကျယ် အဖြူနှင့်တွဲဝတ်ထားလေသည်။ချည်သားစစ်စစ် တီရှပ် အကွက် တထည်ကို အပေါ်ကနေ ထပ်ဝတ်ထားလေသည်။ခေါင်းပေါ်မှာလည်း ခြံထဲဆောင်း ခမောက် ပြန့်ပြန့်ပြားပြား
တလုံးကို ဆောင်းထားလေသည်။

ခြေထောက်မှာ တောစီးဖိနပ် စီးထားတာကတော့ ကျတော်တို့ နှစ်ယောက်လုံးအတူတူပင်ဖြစ်သည်။

ကျတော့်မျက်လုံးထဲ၌ မြင်နေရသည့် ဘေးတိုက်အနေအထားအရ သွင့်ရဲ့ နှာတံ ချွန်းချွန်းတွေနှင့် မေးရိုးသွယ်သွယ် တို့၊ နှုတ်ခမ်း ပိပိပြားပြားတို့ကို
မြင်ရသည်။

သွင်သည် တကယ့်ကို ယောက်ျား ပီပီ
သသ ရုပ်ရည်ရှိသည်။ကြည့်ကောင်းရုံ၊ဥပဓိရုပ်ကောင်းပြီး သန့်ရုံကလွဲလျှင် ရုပ်ရည်ချောမောလှပသူ တယောက် မဟုတ်ချေ။

အရပ်အမောင်း ခပ်ရှည်ရှည် ၊ခါးသွယ်သွယ်လေးနှင့် ပေမယ့် လုံးဝကို ယောက်ျားပီသ သည့် ပုံစံပင်ဖြစ်နေလေသည်။

"သွင်လို့ မခေါ်စမ်းပါနဲ့ ဂျိတ်ရာ"

"ဒါဖြင့် ဘယ်လို ခေါ်ရမှာလဲ?"

"ဦးလေး အရွယ်ပဲလေ ဦးလို့ ခေါ်ပေါ့"

"ဦးလို့ မခေါ်ချင်ပါဘူး သွင်ရာ.....
အင်း  ဦးလို့ တအားအခေါ်ခံချင်ရင်တော့
ဦးသွင် လို့ ခေါ်ပေးမယ်"

"ဦးသွင်
အင်း မဆိုးပါဘူး"

"ဝေးလားလို့ သွင်ရ"

"ဟင် ဦးသွင်ဆို"

"ကဲ ဒါဖြင့် ဦး လို့လည်း မခေါ်တော့ဘူး။
သွင် လို့လည်း မခေါ်တော့ဘူး။
အချစ်ကလေးတို့၊
အသည်းလေးတို့၊
ပူတူတူးလေးတို့၊
အသည်းတုန် အူတုန်လေးတို့ အဲ့ဒီလိုခေါ်ရမလား? ပြော"

ကျတော့်စကားကြောင့် သွင်က ဟက်ဟက်ပက်ပက် ရယ်နေလေသည်။

"တော်တော့ ရယ်စရာတွေ ပြောမနေနဲ့"

"သွင် ခဏရပ်အုံး"

နှစ်ယောက် အတူတူ မြက်ပင်လေးတွေ ဘေးတဖက်တချက်စီမှာ ပေါက်ရောက်နေသော တောလမ်းလေးအတိုင်း လမ်းလျှောက်နေကြရာကနေ ကျတော်က ဖျတ်ကနဲ ရပ်ခိုင်းလိုက်တာကြောင့် သွင့်ခြေလှမ်းတွေ ရပ်တန့်သွားလေသည်။

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now