part (15)

3.2K 87 1
                                    

မောင် ဟု ခေါ်ဆိုအပ်သော(BL )
အပိုင်း(၁၅)
"တယ်လေ.... ငါနော်၊
လေဆိပ်ကြီးထဲမှာ တကယ် နမ်းပစ်လိုက်ရ"

သွင်ကတော့ ကျတော့်ကို ခပ်ရွဲ့ရွဲ့လေး ပြောလိုက်တာပါပဲ။ကျတော် ့ကို အမြဲတမ်းလိုလို ရယ်အောင် ၊ပြုံးအောင် လုပ်နိုင်သူကတော့ သွင်ပဲဖြစ်သည်။

နှစ်ယောက်သား လေဆိပ်ထဲက ကော်ဖီဆိုင် ထဲကို ဝင်ပြီး ကော်ဖီနဲ့ မုန့်ကို မှာစားကြသည်။

"အိမ်က ကော်ဖီလောက် မကြိုက်ဘူးနော် သွင်"

ကျတော် က အိမ်လို့ သုံးနှုန်းလိုက်ပေမယ့် ကျတော့် အိမ်ကို ပြောတာ မဟုတ်ပဲ သွင်ရဲ့ အိမ်ကို ဆိုလိုတာ ဖြစ်သည်။ဒါကို သွင်လည်း သိသည်။

"အိမ်ပြန်ပြီး ကော်ဖီ သောက်ကြမလား"?

လို့ပင် သွင်က ကျတော့်ကို ကျီစယ်ပြီး ပြောနေလေသည်။

ကျတော် သွင့်လက်ကလေး ကို ဖျတ်ကနဲ ကိုင်လိုက်သည်။

"ကျတော် အခုပြောမယ့် စကားတွေကို သေသေချာချာ နားထောင်နော် သွင်"

စူးစမ်းသလို မျက်လုံးလေးတွေနှင့် သွင်က ကျတော့်ကို ငေးကြည့်လာသည်။

"ကျတော် သွင့်‌ဆီကို ပြန်လာမှာမို့ ကျတော် ပြန်အလာကို စောင့်နေပေးနော် သွင်၊ကျတော် သွင့်ကိုလည်း ချစ်တယ်။သွင့်အနားက အရာတွေကို လည်း ချစ်တယ်။အဲဒါ‌ေကြာင့်မို့ ကျတော့်ကို ယုံကြည်ပြီး စောင့်နေပေးနော်"

"အင်းပါ။
စိတ်ချ၊လက်ချ သာသွားပါ ဂျိတ်ရ။
မင်းပြန်မလာဘူး ဆိုရင်တောင် ဦးက အမြဲတမ်း စောင့်မျှော်နေမှာပါ"

ကျတော် သွင့် လက်ကလေး ကို တဖွဖွ နမ်းနေမိသည်။

သွင်က သူ့လက်ကို နမ်းနေသော ကျတော့်ကို ကြည့်ကာ ရယ်နေပြီး စ နောက် နေပြန်သည်။

"လက်က အိမ်သာထဲကဆင်းလာပြီးကတည်းက မဆေးရသေးတာ"

"မနောက်ပါနဲ့ သွင်ရယ်။
ကျတော် တကယ်‌ကို ကျောင်းတက်ချင်လို့ သွားရမှာပေမယ့်၊ ဖြစ်နိုင်ရင် သွင့်ကို ပါ ခေါ်သွားချင်မိတာ"

သွင်က ကြည်ကြည်နူးနူးလေး ပြုံးလိုက်တာကို မြင်လိုက်ရလေသည်။

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now