part (23)

3.7K 123 2
                                    

မောင် ဟု ခေါ်ဆိုအပ်သော(BL)
အပိုင်း(၂၃)
ဖျတ်ကနဲ ကျတော့် မျက်ဝန်းတို့ ပွင့်အလာ၌ ဂျိတ်၏ ကိုယ်သင်းနံ့ကို ရလိုက်လေသည်။ကျတော် သည် ဂျိတ်ကို ဒီမျှလောက်တောင် စွဲလမ်းနေမိတာပဲ လို့လည်း တွေးလိုက်မိသည်။
အနားမှာ သူမရှိတာတောင် သူ့ကိုယ်သင်းရနံ့ကို ကျတော့် နှာခေါင်းက စွဲလမ်းနေတာပါပဲလား?

တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်တော့ ရနံ့ကိုတင် မကပဲ အချိန်ပြည့် ကျတော့် ခေါင်းထဲကို ဂျိတ်ကပဲ လွှမ်းမိုးနေခဲ့တာကို သိလိုက်ရသည်။ အခုလို အိပ်ရာက ထ ထ ချင်းမှာတောင် ကျတော် စဉ်းစားမိတာ ဂျိတ်ရဲ့ အကြောင်းတွေ ပဲ မဟုတ်ပါ့လား?

ခန္ဓာကိုယ်က ထူးထူးခြားခြား အားအင် အပြည့် ရှိနေသလို ခံစားရသည်။
နေရ ထိုင်ရတာ ကောင်းမွန်နေတာကြောင့် ပေါ့ပေါ့ပါးပါး ထထိုင်လိုက်တော့မှ ကျတော့်လက်မှာ အပ်နှင့် ပိုက်တန်းလန်းကို မြင်လိုက်ရသည်။

ဟင်၊ပုလင်းကြီး ချိတ်ထားတာပါ့လား?
ဒါက ဆေးရုံလား? ဆေးခန်းလား?
အို မဟုတ်ပါဘူး ။ဒါက ကျတော့် အိပ်ခန်းပါပဲ။
ထူးဆန်းတာက မနေ့ညက ကျတော် အိပ်မပျော်သွားခင်လေးအထိ ဖရိုဖရဲ ဖြစ်နေသော ကျတော့် အိပ်ခန်းက သန့်ရှင်းနေတာပင်ဖြစ်သည်။

ကိုထူးကများ အခန်းထဲဝင်ပြီးသန့်ရှင်းရေး ဝင်လုပ်ပေးသွားတာများလား?
လို့ တွေးမိသည်။
ဒါဖြင့် လက်က ပိုက်တန်းလန်းကရော
ဘယ်အချိန်က ဘယ်သူက လာတပ်ပေးသွားတာပါလိမ့်။

"ဂွီ ဂွီ"

ဟင် ထူးဆန်းလိုက်တာ။
ရက်ပေါင်းများစွာ အစာ စားချင်စိတ်မရှိခဲ့တာကိုတောင် အခုကျဗိုက်ထဲက အစာစားချင်နေဟန်ရှိသည်။

အို မွှေးလိုက်တာ။
ဒါ ကျတော် သိပ်ကြိုက်တဲ့ ဘဲသား ဆန်ပြုတ်ရဲ့ အနံ့ပဲ။
ဘဲသားကို ငံပြာရည်ကောင်းကောင်းလေးနှင့် ပြုတ်ပြီး အသားမွမွ‌ေလးနွှင်၊
တရုတ်နံနံနဲ့ ငရုတ်ကောင်းစေ့ လှော်အမှုန့်လေးထည့်ပြီး ပြုတ်ထားတဲ့ အနံ့၊

အဲ့ဒီလို အနံ့ထွက်လာအောင် ကိုထူးက မပြုတ်တတ်ဘူး။ဒါဖြင့် ဆန်ပြုတ် ပြုတ်လာပေးသည့် သူက ဘယ်သူလဲ?

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Onde histórias criam vida. Descubra agora