part (28)

3.6K 104 0
                                    

မောင် ဟု ခေါ်ဆိုအပ်သော(BL)
အပိုင်း(၂၈)
ညဘက်ရောက်တော့ ကျတော် အိပ်ရာထဲသို့ ပစ်လှဲလိုက်သည်။တနေကုန် မေမေ့အနားမှာ နေကာ မေမေဘယ်သွားမလဲ?၊မေမေ ဘာစားချင်လဲ?၊မေမေ ဘာဝယ်ပေးရမလဲ?၊နှင့် အလိုက်တသိ နေနေရသည်။

မေမေ့ဧည့်သည်တွေ လာရင် ပစ္စည်း ပြကူတာမျိုး၊မေမေ့ စာအုပ်တိုက်က တောက်တိုမယ်ရ အလုပ်တွေ လိုက်ကူညီနေတာမျိုး စသည်ဖြင့် အလုပ်တွေ အဆက်မပြတ် လုပ်ကာ သွင့်ကို လွမ်းသည့် စိတ်ကို ဖြေဖျောက်ရသည်။

သို့ပေသိ အခု လို အိပ်ရာထဲရောက်လို့ လုပ်စရာလည်း မရှိတော့၊တယောက်တည်း လည်း ဖြစ်လာပြီဆိုတဲ့ အခြေအနေမျိုးကို ရောက်လာပြီ ဆိုရင်
သွင့် ကို လွမ်းလာပြီ။

သွင့်ရဲ့ ရင့်ကျက် နွေးထွေးတဲ့ အပြုံးတွေ၊ရိုးသားတဲ့ အပြုံးတွေ၊
တဖက်သားဘက်ကပဲ အမြဲတမ်း စဉ်းစားပေးတတ်တဲ့ မျက်ဝန်းလေးတွေ၊
ခပ်ရိုးရိုး ခပ်ရှင်းရှင်း တွေးတတ်တဲ့ အတွေးနဲ့ ပြောတတ်တဲ့ စကားတွေ၊

ရံဖန်ရံခါ သွင့်ရင်ခွင်ထဲ သို့ ဝင်လိုက်ရင် လုံခြုံသွားသလို ခံစားချက်တွေ၊
ရံဖန်ရံခါ သွင့်ကို ဖက်ထားလိုက်ရရင်
အရာရာ ပြည့်စုံ သွားသလို ခံစားရတာတွေ အားလုံးဟာ အခုလို အထီးကျန်တဲ့ ညဘက်တွေကို ရောက်ရင် အလိုလို လွမ်းလာစေသည်။

"လွမ်းလိုက်တာ သွင်ရယ်"

အိပ်ရာထက်၌ လူးရင်း လိမ့်ရင်း စားပွဲတင် နာရီလေးကို လှမ်းကြည့်လိုက်မိသည်။ည (၉)နာရီကိုတောင် ဆယ်မိနစ်ခန့် ကျော်နေ‌ေချပြီ။

"ဒီအချိန်ဆို ကိုထူး အိမ်ပြန်ရောက်နေလောက်ပြီ"

ကျတော် ဖုန်းခေါ်ရမည်။
သွင် ဘာလုပ်နေလဲ?
သွင် ဘယ်ကို သွားနေသလဲ?
သွင် ညစာကို ဘာနဲ့ စားပြီးတာလဲ?
သိချင်လှသည်။

ဖုန်းခေါ်နေရင်း သွင်သာ လာကိုင်ရင် ဆိုပြီး စိတ်ကူးယဉ်နေမိသေးသည်။

သို့ပေသိ ထင်သည့် အတိုင်းပင်
ဖုန်းကို တကယ် လာကိုင်သူက ကိုထူး ပင်ဖြစ်သည်။

"ဟယ်လို"

"ဟယ်လို ကိုထူး လား
သွင်ရော ရှိရဲ့လား?
သယ ဘာစားပြီးပြီလဲ"?

မောင် ဟု ခေါ်ဆိုအပ်သော(Complete)Where stories live. Discover now