မောင် ဟု ခေါ်ဆိုအပ်သော
အပိုင်း(၁၆)
ဒီနေ့ကကျတော့်ရဲ့ ကျောင်း ပိတ်ရက်ဖြစ်ပါသည်။ပိတ်ရက်သာ ဆိုတာ စာကြည့်တိုက်ကို သွားပြီး စာလုပ်စရာတွေလည်း ရှိသည်။ရေချိုးခါနီး အဝတ်အစားတွေကို ကျတော့်ဘာသာ ကျတော်စက်နှင့်လျှော်သည်။
ကျောင်းချိန်၌ ကျောင်းသွားပြီး ကျောင်းပိတ်ရက်တွေ ဆိုလည်း စာကြည့်တိုက်ကိုသွားကာ စာလုပ်ရသည်။ကျောင်းဖွင့်သည့်နေ့တွေမှာလည်း ကျောင်းချိန်ပြီးလျှင် စာကြည့်တိုက်ကိုသွားကာ စာလေ့လာရသေးသည်။အစားအသောက်အတွက် အချိန်ပေးပြီး ချက်ပြုတ်စားသောက်ဖို့ အဆင်မပြေဖြစ်ရသည်။အဲ့ဒီတော့ အလွယ်ဝယ်စားလို့ ရသည့် အစားအစာတွေကို ဝယ်စားဖြစ်သည်။
မြန်မာအစားအစာတွေကို ခုံခုံမင်မင် ရှိလှသည် မဟုတ်သည့် ကျတော့်မှာတောင် တခါတရံများ၌ မြန်မာအစားအစာတွေကို တောင့်တောင့်တတ စားချင်နေမိတတ်သည်။
ဒီကို ရောက်စကဆိုရင် အိပ်ချိန်အပြောင်းအလဲဒဏ်၊အစားအသောက် အပြောင်းအလဲ ဒဏ်တွေကို အများကြီး ခံစားခဲ့ရသည်။
အခုလည်း အဝတ်လျှော်ပြီးရင် ရေချိုးရမည်။ပြီးရင် အလွယ်ဝယ်စားလို့ ရတာ တခုခုကို ဝယ်စားမည်။စားရင်းသောက်ရင်းပင် စာကြည့်တိုက်ကို လမ်းလျှောက်သွားမည်ဟု တွေးထားလိုက်သည်။
သွင့်ကို သတိရလိုက်တာ...
သွင်လည်း နိုင်ငံခြားမှာကျောင်းတက်ခဲ့စဉ်က ဒီလို အခက်အခဲတွေ၊ဒုက္ခတွေကို ခံစားခဲ့ရမှာပဲလို့ တွေးနေမိသည်။ပြီးတော့
အဟာရရှိတာ တွေ အမျိုးမျိုးကို သွင်က ချက်ပြုတ်ပြီး ကျွေးတတ်တာလေးေတွကို တမ်းတမိသည်။"သတိရလိုက်တာ သွင်ရယ်
ဘာတွေများ လုပ်နေလိမ့်မလဲနော်"?.......................
"ဟင်"ကျတော် အိမ်ထဲကနေ ထွက်လာပြီး စာကြည့်တိုက်ဘက်သို့ လမ်းလျှောက်သွားရန် ထွက်လာခဲ့သည်။
ကျတော့်ဆီသို့ တည့်တည့်ကြီး လျှောက်လာနေသောသွင့်ကို မြင်လိုက်ရလေသည်။
"သွင်"
..........
ကျတော့်ကို မြင်သည်နှင့် ဂျိတ်က အပြေးကလေး လာဖက်သည်။
လွမ်းနေရတာ လပိုင်းလောက် ကြာေနပြီဆိုတော့ ကျတော်လည်း ဂျိတ်ကို ပြန်ပြီးပွေ့ဖက်ထားလိုက်မိသည်။
YOU ARE READING
မောင် ဟု ခေါ်ဆိုအပ်သော(Complete)
Romance"နွားနို့ သောက်ရမယ်နော် သွင် ၊ ဒါမှ ညဘက်အိပ်ပျော်ပြီး မျက်နှာက အရေးအကြောင်းတွေ ပါးကုန်မှာ" "ကောင်းကောင်း အိပ်ပျော်လည်း အသက်ကကြီးလာနေပြီဆိုတော့ အရေးအကြောင်းတွေက ရှိနေမှာပဲ ဂျိတ်ရဲ့" "ကျွန်တော်ကလေ သွင့်ကို အဲဒီလို ရင့်ကျက်တဲ့ ပုံစံမျိုးမို့ ချစ်ခဲ့တ...