ပိုပြီးအံ့ဩစရာကောင်းတာက သူ့ဝိဉာဉ်နဲ့ကိုက်ညီတဲ့ ခန္ဓာကိုယ်တွေ ဘယ်လိုလုပ် ဒီလောက်အများကြီး ရှိနေရတာလဲ..?

Zero လေးရဲ့ စကားအရဆိုရင် အလင်းစက်တွေက တစ်ဒါဇင်မက ရှိနေတယ်။ ဆိုလိုတာက သူအသက်ပြန်ရှင်ဖို့ သူ့ဝိဉာဉ်နဲ့ ကိုက်ညီတဲ့ခန္ဓာကိုယ်တွေ အများကြီးပဲ။ ပြီးတော့ သူတို့တွေက နတ်ဆိုးအရှင်သခင်တွေရဲ့ အနီးပတ်ဝန်းကျင်မှာ ရှိနေပြီး အချိန်တစ်ခုအတွင်း သေဆုံးခဲ့တဲ့လူတွေ..!

ဒီအချိုးအရဆို သူနဲ့ရုပ်ချင်းဆင်ပြီး အသက်ရှင်နေသေးတဲ့လူတွေ ဘယ်လောက်များများ ရှိနေဦးမလဲ၊ မတွေးဝံ့စရာပဲ..!

တစ်ယောက်၊ နှစ်ယောက်တည်းဆို တိုက်ဆိုင်တာလို့ ဆိုနိုင်ပေမယ့် ဒီလောက်အများကြီးကျတော့… တစ်ယောက်ယောက်က အကွက်ချစီမံနေတာ ဖြစ်နိုင်တယ်..!

ကိုက်ညီမှုအမြင့်ဆုံး ခန္ဓာကိုယ်လေးခု… သူတို့အားလုံးက ‘လင်းမု’နဲ့ ရုပ်ချင်းတူပေမယ့် လင်းမုက တစ်ယောက်တည်းရှိတာလေ။ အဲ့တာဆို ဘယ်လိုလုပ် အလောင်းလေးခုဖြစ်သွားတာလဲ..?

ဘယ်သူ့လက်ချက်လဲ..?

အစကတော့ ကျွင်းမော့က လှည့်ကွက်တစ်ခုခုနဲ့ ‘လင်းမု’အတုတွေလုပ်ပြီး ကျန်တဲ့သုံးယောက်ကို လှည့်စားခဲ့တာလို့ ထင်နေတာ။ ဒါပေမဲ့ အတုတွေဆိုရင် ဘယ်လိုလုပ် သူ့ဝိဉာဉ်နဲ့ အရမ်းကိုက်ညီနေရတာလဲ..?

ခြူးမုယွင် အဖြေရှာမရသော မြှုပ်ကွက်တချို့ ရှိနေ၏။ လောလောဆယ် ဘာမှမသိသေးသော်လည်း အမျိုးမျိုးသော အကြောင်းအရင်းများက သူ့ကို အန္တရာယ်သတိပေးနေလေသည်။

မော့ကျိုးရှောင် ရောက်လာချိန်တွင် ခြူးမုယွင်မှာ ထိုအမျိုးသားနှင့် တကယ့်ကို မဆုံချင်ခဲ့ပေ။ သို့သော် ပကတိမြူနှင်းနန်းတော်မှ သည်အတိုင်း ထွက်သွားလျှင် သူ့စိတ်ထဲ တစ်ခုခုမှားယွင်းနေသလို တစ်ချိန်လုံး ခံစားနေရလိမ့်မည်။

ဘာပဲပြောပြော နည်းနည်းဖြစ်ဖြစ် စုံစမ်းကြည့်ရန် အချိန်ရနေသေး၏။ သူ၏ လက်ရှိအဆင့်အတန်းအရ မော့ကျိုးရှောင်နှင့် ရှန်ရွှိန်ယန်းတို့ ကြံနေသည်ကို တိတိကျကျ မသိနိုင်သော်လည်း အပေါ်ယံဖြစ်ဖြစ် သိရလျှင်၊ အချက်အလက်များစွာ မှန်းဆနိုင်လိမ့်မည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Where stories live. Discover now