အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်

Start from the beginning
                                    

ဒီတော့ သူ့အမက တခြားလူတွေကိ ဆဲဆိုနေတဲ့အချိန်မှာ ဒီလောက်တောင် ကြောက်ဖို့ကောင်းတာတဲ့လား။ အရင်တုန်းကတော့ အမေနဲ့ ရှန်ရှင်းတို့ ရှန်ယွဲ့ကို စော်ကားရင် သူ ပြန်တောင်မပြောခဲ့ပါဘူး။ သူတို့တွေက မိသားစုမလို့ သီးခံပေးလိုက်တာများလား။

တပြိုင်ထဲတွင် ရှန်ချန်၏စိတ်ထဲက ရှန်ယွဲ့၏ပုံရိပ်သည် ပို၍ကြီးမားလာတော့သည်။

ထိုအန်တီ၏ပါးစပ်သည် ဆဲဆိုခံလိုက်ရသဖြင့် တုန်ယင်နေတော့သည်။ သူမသည် အချိန်ကြာသည်အထိ အထစ်ထစ် အငေါ့ငေါ့ဖြစ်နေပြီးနောက် အံကြိတ်ကာ အော်ဟစ်တော့သည်။

" နင်ကများ ငါ့ကို ဆဲရဲတယ်ပေါ့လေ၊ ငါနင့်ကို သေတဲ့အထိ ကုတ်ခြစ်ပစ်မယ်"

သို့သော် မြို့တံတိုင်းကဲ့သို့ ထူထဲပုံထင်ရသည့် ရှန်ယွဲ့သည် အလွန်ဖျတ်လက်လေသည်။ သူမသည် ရှန်ချန်ကို ဘေးသို့ဆွဲလိုက်ပြီးနောက် မြန်မြန် ရှောင်လိုက်လေသည်။ ထိုအန်တီသည် လွဲသွားပြီး ဘတ်စ်ကားပေါ်တွင် လူများစွာရှိနေရာ တစ်ယောက်ယောက်ကို သွားတိုက်မိတော့သည်။

" အိုက်ယိုး၊ ရှင် ရူးနေလား"

တစ်စုံတစ်ယောက်သည် ထိုအန်တီ၏ တိုက်မိခံရပြီးနောက် မကျေမနပ်ဖြင့် ဆဲရေးလိုက်တော့သည်။

" ဟုတ်တယ်၊ ခင်များမှာ ယဥ်ကျေးမှုမရှိရင်လည်း ဘတ်စ်ကားမစီးနဲ့ဗျာ၊ ခင်များက ဆဲဆိုပြီး ကုတ်ခြစ်လိုက်သေးတယ်"

တစ်စုံတစ်ယောက်၏အသံက ထွက်လာလေသည်။

" ဒီအဖွားကြီးက တကယ်စိတ်ပျက်စရာကြီး"

ကျန်သည့်ရပ်ကြည့်နေသူများသည် စကားဝိုင်းတွင် ပါလာကြတော့သည်။

မိနစ်အနည်းငယ်အတွင်း ဘတ်စ်ကားထဲက စကားလမ်းကြောင်းမှာ ထိုအန်တီကို ပြစ်တင်ဆဲဆိုခြင်းအဖြစ် ပြောင်းသွားတော့သည်။ ဝကာရုပ်ဆိုးသော်လည်း ပြဿနာမရှာတတ်သည့်ရှန်ယွဲ့ထက်စာလျှင် ဆဲဆိုပြီးလူများကို ဝင်တိုက်ခဲ့သည် ထိုအန်တီသည် အလိုလိုပင် ပို၍ မုန်းစရာကောင်းနေတော့သည်။

သူမ မှားသွားပြီကို သိလိုက်ပြီး ဆဲဆိုရာတွင် ရှန်ယွဲ့ကို မနိုင်သည်ကို သိလိုက်သောအခါ ထိုအန်တီ၏မျက်နှာသည် အရှက်ရဖွယ်ဖြစ်သွားတော့သည်။ ဘတ်စ်ကားသည် မှတ်တိုင်သို့ရောက်လာသည်နှင့်တပြိုင်နက် သူမသည် မြန်မြန် ဆင်းသွားတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now