အပိုင်း ( ၁၂) ဘတ်စ်ကားပေါ်ဖြစ်ရပ်

Start from the beginning
                                    

" ကျွန်မ ဝ,တော့ ဘာဖြစ်လဲ၊ ရှင့်ထမင်းကို စားနေလို့လား၊ တစ်ဖက်မှာလည်း ရှင့်လို အိုကြီးအိုမက လူရှေ့သူရှေ့မှာ မစင်တွေနဲ့ပြည့်နေတာ၊ မသိတဲ့လူဆိုရင် သန့်စင်ခန်းတစ်ခုလို့တောင် ထင်သွားအုံးမယ်"

" နင် နင် ဘယ်လိုများ ပြောလိုက်တာလဲ၊ နင့်မှာ သွန်သင်ဆုံးမထားတာမရှိဘူးလား"

ထိုအန်တီသည် ဒေါသထွက်သွားပြီး ရှန်ယွဲ့ကို လက်ညိုးထိုးကာ ပြောဆိုတော့သည်။

" ကျွန်မကို ဆုံးမမှုရှိမရှိဆိုတာ ရှင့်အပေါ်ပဲ မူတည်တာ၊ တခြားလူတွေရဲ့အသွင်ပြင်ကို တိုက်ခိုက်တတ်တဲ့သူတွေကို ဘယ်လို ပြောရမှာလဲ၊ ဒီအသက်အရွယ်အထိ ရောက်လာပြီး ဒီလို ကြမ်းတမ်းတဲ့နှုတ်ရှိဖို့တော့ တကယ်ခက်ခဲမှာပဲ၊ ရှင်ကလေ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေမှာ အကျိုးမရှိနေလာတာပဲ"

ရှန်ယွဲ့သည် ကြောက်ရွံ့မနေဘဲ ထိုအန်တီကို တည့်တည့်ကြည့်ကာ ပြန်ခံပြောလိုက်လေသည်။

လုံလောက်သည်ဟုမခံစားရသည်နှင့် ရှန်ယွဲ့ ထပ်ပြောလိုက်၏။

" ရှင် တခြားလူတွေကို တနေ့လုံး တိုက်ခိုက်ခဲ့တာ၊ ကိုယ့်ဟာကို ပြန်ကြည့်ပါအုံးလား၊ ရှင့်မှာ မှန်မရှိဘူးဆိုရင်တောင် ရှင် အပေါ့အပါးတော့ သွားရမှာပဲလေ ဟုတ်တယ်မလား၊ ရှင့်ရဲ့ တွန့်လိမ်နေတဲ့ အသားအရည်ကို ကြည့်လိုက်အုံး၊ နှစ်တစ်ထောင်သစ်ပင်တစ်ပင်က နတ်သားဖြစ်လာတာ ကျနေတာပဲ၊ ရှင့်သွားကို ကြည့်လိုက်၊ ဆယ်စုနှစ်လောက် သန့်ရှင်းရေးမလုပ်ထားတဲ့ သန့်စင်ခန်းထက်တောင် ရွံ့စရာပိုကောင်းသေးတယ်၊ ပြီးတော့ ရှင့်မျက်နှာ ခါးသီးနေပုံများ တစ်ယောက်ယောက်က ရှင့်ကို သန်းချီအကြွေးတင်နေတဲ့ပုံနဲ့၊ ရှင် ဘတ်စ်ကားပေါ် ရောက်ကတည်းက ဒီလိုဆိုဆဲနေတာ အထူးအဆန်း မဟုတ်တော့ပါဘူး"

ရှန်ယွဲ့၏ ပြင်းထန်သည့်စကားများသည် စိတ်ပူနေသည့်ရှန်ချန်ကို အံ့အားသင့်သွားစေတော့သည်။ ရှန်ယွဲ့သည် ဘာမှပြန်မပြောနိုင်သည့် အန်တီကို ပညာပေးနေပြီး ရှန်ချန်သည် ငေးကြောင်ကြောင် ဖြစ်သွားတော့သည်။ အခိုက်အတန့်အတွင်း သူသည် အလွန်စိတ်ရှုပ်သွားတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now