အပိုင်း (၁၁) ကျောင်းမှာ ပထမရခြင်း

Start from the beginning
                                    

သည်ခန္ဓာကိုယ်နှင့် တဖြည်းဖြည်း အသားကျလာပြီးနောက် ရှန်ယွဲ့ အလွန်အသုံးဝင်သည့် တိုက်ခိုက်ရေး နည်းလမ်းတစ်ခုကို တွေ့ရှိခဲ့လေသည်။ သူမ၏ခန္ဓာကိုယ်အလေးချိန်ကို ကောင်းကောင်းအသုံးချရန် ဖြစ်လေသည်။ သူမသည် ကြမ်းတမ်းတမ်း မထိုးနိုင် မကန်နိုင်သော်လည်း သူမ၏ဧရာမအလေးချိန်ကို အားကိုးကာ ရန်သူကို ဖိသတ်နိုင်လေသည်။

ထိုကာလအတွင်း ဆွန်းလင်းနှင့် ရှန်ရှင်းတို့သည်လည်း သူမကို အကြိမ်ကြိမ် တိုက်ခိုက် လှောင်ပြောင်ခဲ့ကြ၏။ သို့သော် မည်သို့ပင် ဆူဆဲခံရပါစေ ရှန်ယွဲ့သည် မလှုပ်မယှက်ရှိနေပြီး လုံးဝမတုန့်ပြန်သည်ကို သိလိုက်သောအခါ သူတို့သည် တဖြည်းဖြည်းနှင့် စိတ်လျှော့သွားကြတော့သည်။ သူတို့သည် ပျင်းလာလျှင် ရှန်ယွဲ့လုပ်သမျှကို ဖျော်ဖြေမှုတစ်ခုအဖြစ်သာ သဘောထားကြသော်လည်း ရှန်ယွဲ့မှာ သူတို့ကို လုံးဝ အလေးမထားချေ။

ရှန်ယွဲ့၏အဖေ ရှန်အန်းသည် မိသားစုကို ထောက်ပံ့ရန် ဆောက်လုပ်ရေးဆိုက်တစ်ခုကို ပင်ပင်ပမ်းပမ်း အလုပ်လုပ်နေရဆဲပင်။ သူသည် အိမ်ရောက်သည်နှင့် ချက်ချင်း အိပ်ပျော်သွားတော့သည်။ ထို့ကြောင့် အိမ်တွင် ရှန်ယွဲ့နှင့် အများဆုံးပြောဆိုဆက်ဆံသူမှာ ရှန်ချန်သာဖြစ်လေသည်။ ရှန်ယွဲ့က စာတော်တော်များများကို ဂရုတစ်စိုက်သင်ပေးပြီးနောက်တွင်တော့ ရှန်ချန်သည် သူ့အမကြီးကို ပိုပိုအထင်ကြီးလာပြီး သူမနှင့် ပိုရင်းနှီးလာလေသည်။

ထို့ကြောင့် တနင်္လာနေ့မနက်တွင် လွယ်အိတ်နှင့်ကျောင်းသွားဖို့ ထွက်လာသည့်ရှန်ယွဲ့သည် တံခါးရှေ့တွင် ရှန်ချန်က သူမကို စောင့်နေသည်ကို တွေ့လိုက်ရတေ့သည်။

" အရမ်းနောက်ကျနေပြီ၊ ဘာလို့ အခုထိမသွားသေးတာလဲ"

ရှန်ယွဲ့သည် အထူးတဆန်းကြည့်လိုက်၏။ သူမသည် နို့တစ်ဗူးကို ယူလိုက်ပြီး ရှေ့ကလျှောက်သွားလိုက်လေသည်။

ရှန်ချန်သည် ရှန်ယွဲ့နောက်မှနေ၍ စတော့လ်ကာ(Stalker)လေးတစ်ယောက်လို ကပ်လိုက်လာပြီး တီးတိုးပြောလိုက်လေသည်။

" ငါ-ငါ နင်နဲ့အတူတူ ကျောင်းသွားမလို့လေ"

ဪ သူက ငါလေးနဲ့ သွားချင်နေတာကိုး။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now