ခြုူးမုယွင်မှာ လှပခမ်းနားသော ရှုခင်းများစွာ မြင်ခဲ့ရသော်ငြား စင်္ကြံလမ်းတစ်ခု ကွေ့လိုက်ချိန်မှာတော့ မျက်ဝန်းများ တောက်ပသွားရ၏။

ရှန်ရွှိန်ယန်းသည် ခြူးမုယွင်နှင့် နှစ်ပေါင်းများစွာ အတူနေထိုင်ခဲ့ပြီး အထူးသဖြင့် လူသားကမ္ဘာတွင် ခြူးမုယွင်၏ ထိန်းကျောင်းမှုအောက် ကြီးပြင်းခဲ့ရသည်။ ‘ရှန်ယွင်’၏ အကျင့်စရိုက်အများစုက ခြူးမုယွင်၏ ပင်ကိုစရိုက်များပင်။ ထိုစဉ်က ရှန်ရွှိန်ယန်းဟာ စက္ကူဖြူလေးတစ်စနှယ် ဖြူစင်ရိုးသားသော ကလေးငယ်လေးဖြစ်သဖြင့် ခြူးမုယွင်လည်း ရှန်ရွှိန်ယန်းရှေ့တွင် သိပ်ပြီးဟန်ဆောင်မနေဘဲ ကလေးတစ်ယောက်လို ဖူးဖူးမှုတ်အလိုလိုက်ခဲ့သည်။

သို့ဖြစ်ရာ ခြူးမုယွင်၏ ပင်ကိုစရိုက်အမှန်ကို ပထမဆုံးထိတွေ့ဖူးသူကား ရှန်ရွှိန်ယန်းသာ ဖြစ်၏။ ထိုအချိန်က ရှန်ရွှိန်ယန်း၏ စိတ်ထဲတွင်လည်း ခြူးမုယွင်တစ်ယောက်တည်းသာ ကြီးစိုးခဲ့သဖြင့် ‘ရှန်ယွင်’အကြောင်းကို ခြူးမုယွင် ထင်ထားသည်ထက်ပင် ပိုသိနေတော့သည်။

စင်္ကြံလမ်းအလွန်မှ ခြံဝင်းကြီးကို ‘ရှန်ယွင်’ ကြိုက်နှစ်သက်သည့် ပုံစံအတိုင်း တည်ဆောက်ထားပြီး ခြူးမုယွင်ကိုယ်တိုင်က ‘ရှန်ယွင်’ဖြစ်နေသဖြင့် ထိုခြံဝင်းဟာ ခြူးမုယွင်၏ စိတ်အာရုံကို ဖမ်းစားနိုင်ခဲ့လေသည်။

ထိုခြံဝင်း၏အပြင်အဆင်သည် တောက်ပခမ်းနားနေတာမျိုး မဟုတ်ပါဘဲ အနုစိတ်လက်ရာမြောက်ကာ တင့်တယ်လှပ၏။ ရိုးရိုးရှင်းရှင်းနှင့် လူကို စိတ်အေးချမ်းစေသည်။ ခြံဝင်းတစ်ခုလုံး၏ အပြင်အဆင်အားလုံးသည် သဘာဝအတိုင်းသာဖြစ်ပြီး လူလုပ်ဖန်တီးထားသည့် အရိပ်အယောင်မျိုး လုံးဝမရှိပေ။ မြင်ကွင်းတစ်ခုလုံးက ခြံဝင်းပိုင်ရှင်၏ လွမ်းဆွတ်တမ်းတမှုနှင့် အချစ်ရိပ်များသာ လွှမ်းမိုးနေတော့သည်။

ခြူးမုယွင်၏ မျက်ဝန်းအိမ်ထဲတွင် သဘောကျနှစ်ခြိုက်သည့် အငွေ့အသက်တချို့  ဖြတ်ပြေးသွားပြီး အကြည့်တစ်နေရာအရောက်တွင် ဝါးကုလားထိုင်ပေါ် ထိုင်နေသော လူရွယ်တစ်ဦးကို တွေ့လိုက်ရလေသည်။

အမျိုးသားခုနစ်ယောက်ကို ချစ်ခွင့်ပန်ရမယ်တဲ့..! ဘယ်လိုလုပ်ရမလဲ..? [ 2 ]Nơi câu chuyện tồn tại. Hãy khám phá bây giờ