အပိုင်း (၇) နားလည်ရဲ့လား

Começar do início
                                    

" ဒါက တကယ်တော့ အရမ်းလွယ်တယ်၊ ဒီမှာကြည့်၊ နင် ဒီမြှောက်ဖော်ကိန်းကို အရင်ထုတ်လိုက်ဖို့ပဲ လိုတာ ၊ ပြီးရင်...."

ရှန်ယွဲ့သည် အကြမ်းစာရွက်၏ စာမျက်နှာတစ်ခုလုံးကို မြန်မြန် ပြည့်သွားအောင်ရေးလိုက်ပြီး တစ်ခုခုကို တတွတ်တွတ်ရွတ်လိုက်လေသည်။ ရှန်ချန်သည် မင်သက်သွားတော့သည်။

နောက်ဆုံးတွင် ရှန်ယွဲ့သည် ခဏရပ်လိုက်ပြီးနောက် အဖြေကို ချရေးလိုက်တော့သည်။ တစ်ချိန်ထဲတွင် သူမသည် ရှန်ယွဲ့ဘက်သို့ လှည့်ပြောလိုက်၏။

" နောက်ဆုံးအဖြေက ၁ထက်ကြီးပြီး ၉ထက်ငယ်တဲ့ မသိကိန်းတစ်ခုပဲ ၊ နားလည်လား"

စာရွက်ပေါ်က စာလုံးများနှင့် ဖော်မြူလာကို ကြည့်လိုက်ပြီးနောက် အဆင့်၁ကျောင်းသားတစ်ယောက် အမြဲဖြစ်ခဲ့သည့် ရှန်ချန်သည် ပထမဆုံးအနေဖြင့် လုံးဝအင်အားမဲ့သွားသလို ခံစားလိုက်ရတော့သည်။ သူသည် ရှန်ယွဲ့ အခုလေးတင်ရှင်းပြသွားသည့် အဆင့်များကို နားလည်နိုင်လေသည်။ သို့သော် သူတို့ကိုအတူတူ ပေါင်းထည့်လိုက်သောအခါ သူသည် ကောင်းကင်ဘုံအဆင့်စာအုပ်တစ်အုပ်ကို နားထောင်နေရသလို ခံစားနေရတော့သည်။

ထို့အပြင် ဒီမေးခွန်းသည် စူပါပါရမီရှင်များနှင့် ပါရမီရှင်များကို ခွဲခြားရာတွင် အထူးတလည် သုံးလေ့ရှိသည့် အင်မတန် ခက်ခဲသည့် မေးခွန်းတစ်ခုဖြစ်သည်။

ဒါတောင် ရှန်ယွဲ့က အဖြေချရေးဖို့ ၅မိနစ်ပဲ အချိန်ယူခဲ့ရတယ်တဲ့လား။

မဖြစ်နိုင်ဘူး။ ဒါ မဖြစ်နိုင်ဘူး။

ရှန်ချန်သည် အမှတ်တမဲ့ ခေါင်းခါလိုက်ပြီး ငေးကြောင်ကြောင်ဖြင့် ပြောလိုက်လေသည်။

" နင် ငါ့ကို အဖြေလိမ်ပြောနေတာပဲ ဖြစ်ရမယ်"

" ငါ ပေါက်ကရတွေ ပြောနေတာမဟုတ်ဘူး၊ အဖြေကို လှန်ကြည့်လိုက်လေ၊ နင် သိလာလိမ့်မယ်"

ရှန်ယွဲ့သည် တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်လေသည်။

သို့သော် ရှန်ချန်သည် အရင်က ထုတ်ထားသည့်မေးခွန်းကို ရှာကာ အဖြေတိုက်ဖို့ ထုတ်လိုက်သည်တွင် သူ့မျက်လုံးများသည် ပြူးကျယ်သွားတော့သည်။ အဖြေသည် တစ်ထက်ကြီးပြီး ကိုးထက်ငယ်သည့် မသိကိန်းတစ်ခု ဖြစ်နေတော့သည်။ ရှန်ယွဲ့သည် အဖြေမှန်ကို အမှန်ပင် ရှာခဲ့ခြင်းပင်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Onde histórias criam vida. Descubra agora