အပိုင်း (၇) နားလည်ရဲ့လား

Start from the beginning
                                    

ငါလေး အစားမစားလို့ သွေးတွင်းသကြားဓာတ်နည်းသွားမှာ သူက စိုးရိမ်နေတာတဲ့လား။

ရှန်ယွဲ့သည် မငြင်းဘဲ ချိုချဥ်ကို ရက်ရက်ရောရော လက်ခံလိုက်၏။ သူမသည် ရှန်ချန်၏စကားထဲတွင် အကူအညီနှင့် ကြင်နာမှုများကို ခံစားမိလေသည်။ ရှန်ချန်သည် ကြင်နာကာ ဖြောင့်မတ်သည့် သူတစ်ယောက်ဖြစ်ကြောင်း သက်သေပြဖို့ လုံလောက်ပေသည်။ သည်လိုဆိုလျှင် သူမသည် သည်ကို့ယိုးကားယားမောင်လေးကို ဝန်လေးလေးနှင့် အသိအမှတ်ပြုရလိမ့်မည်။

ချိုချဥ်အခွံကို ခွာလိုက်ပြီးနောက် ရှန်ယွဲ့သည် ချိုချဥ်ကို ပါးစပ်ထဲ ထည့်လိုက်၏။ သူမ၏ခေါင်းကို ငုံံ့ကြည့်ကာ သိချင်စိတ်ဖြင့် မေးလိုက်တော့သည်။

" ဒီမေးခွန်းက အကန့်သတ်နဲ့လာတဲ့ မေးခွန်းပဲ၊ ဘယ်လိုရှင်းရမလဲမသိဘူးလို့တော့ မပြောနဲ့နော်"

ဒါကို ဘယ်လိုဖြေရမလဲ မသိဘူးလို့တော့ မပြောနဲ့နော်တဲ့။

စကားလုံးများသည် အသေးအဖွဲတစ်ခုနှင့် အံ့ဩသွားခြင်းမှာ ထွက်လာခြင်းပင်။

အဆင့်ဘိတ်ချေးတွင် အမြဲရောက်နေသည့် တစ်စုံတစ်ယောက်၏ လှောင်ပြောင်ခြင်းခံလိုက်ရပြီးနောက် သိုသိုသိပ်သိပ်နေတတ်သည့် ရှန်ချန်ပင် သူ့လက်ထဲက ဘောပင်ထိပ်ကို မနေနိုင်ဘဲ ဖျစ်ညစ်လိုက်တော့သည်။ သူသည် မပျော်နိုင်ဖြစ်ကာ ပြောလိုက်၏။

" ဒါတွေအားလုံးက ကောလိပ်ဝင်ခွင့်စာမေးပွဲအတွက် နောက်မေးခွန်းတွေလေ၊ နင် ဒါတွေကိုနားလည်မှာ မဟုတ်ပါဘူး"

သူ မပြောခဲ့လိုက်သည်က ရှန်ယွဲ့သည် အမှန်ရွေးရသည့်မေးခွန်းများကိုပင် မှန်အောင်မဖြေနိုင်လျှင် သူမသည် ဒီမေးခွန်းများကို မဖြေနိုင်သည့်သူ့အား မလှောင်ပြောင်သင့် ဟူ၍။

သို့သော်ငြား ဒါသည် အင်မတန်ထက်မြက်လှသည့် လုပ်ကြံသတ်ဖြတ်သူတစ်ယောက်အဖို့ အလွန်အခြေခံကျသည့် မေးခွန်းတစ်ခု ဖြစ်သည်ကတော့ အမှန်ပင်။

ရှန်ချန်၏လက်ထဲက ဘောပင်ကို လှမ်းဆွဲလိုက်ပြီး ရှန်ယွဲ့သည် အကြမ်းစာအုပ်ပေါ်တွင် တန်းရေးချ လိုက်လေသည်။ သူမသည် စာရေးနေရင်း ပြောလိုက်၏။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now