အပိုင်း (၆) မူလပိုင်ရှင်ရဲ့လျှို့ဝှက်ချက်

Start from the beginning
                                    

ထိုစာရွက်အပိုင်းအစများတွင် မသေမသပ်လက်ရေးဖြင့် ရေးထားသောကြောင့်ပင်။ စာများသည် ယွီဟောက်အမည်ရှိ ကောင်လေးတစ်ယောက်ထံ ဖွင့်ဟဝန်ခံထားသည့်အကြောင်းများနှင့် ပြည့်နေလေသည်။ ဂျူနီယာအထက်ကျောင်းမှာ အထက်တန်းကျောင်းအထိ သည် ပုံးလေးထဲတွင် မှတ်စုတိုလေးများအဖြစ် ဝှက်ကာ သိမ်းထားခဲ့သည်။

ယွီဟောက်သည် မူလပိုင်ရှင်ရေထဲမကျခင်က ဖွင့်ဟဝန်ခံချင်ခဲ့သည့် ကျောင်းတော်ရဲ့မင်းသားလေး ဖြစ်လေသည်။ သူသည် မူလပိုင်ရှင်၏ ငါးနှစ်တိုင်တိုင် တိတ်တခိုးချစ်ခဲ့ရသူလည်း ဖြစ်သည်။

ရှန်ယွဲ့သည် ခံစားချက်များ ရောထွေးသွားတော့သည်။ အတိတ်ဘဝက သူမသည် လူသတ်နည်းနှင့် မစ်ရှင်ပြီးအောင် ဆောင်ရွက်ရန်သာ သိခဲ့သည်။ သူမသည် အချစ်အကြောင်း လုံးဝ စိတ်မဝင်စားခဲ့ချေ။ ထို့ကြောင့် သူမသည် မူလပိုင်ရှင်၏အချစ်ကို နားမလည်နိုင်ခဲ့ပေ။ သို့သော် လေးစားသမှုနှင့် သူမသည် မူလပိုင်ရှင်၏ လျှို့ဝှက်သေတ္တာကို အိပ်ရာအောက် ပြန်ထိုးထည့်ထားလိုက်လေသည်။

ထုပ်ပိုးပြီးနောက် ရှန်ယွဲ့သည် ပေါ့ပေါ့ပါးပါး အဝတ်အစားကို လဲလိုက်ပြီး အပြင်ထွက် ပြေးရန် ပြင်ဆင်လိုက်တော့သည်။

ရှန်မိသားစုသည် ရှေးကျသည့် အိမ်ရာအဆောက်အအုံတစ်လုံးတွင် နေကြ၏။ ထိုအိမ်သည် ရှန်ယွဲ့အဖိုးက ချန်ခဲ့သည့် အိမ်ဖြစ်သည်။ နှစ်ပေါင်းကြာပြီးနောက် အဆောက်အအုံထဲက အိမ်နီးချင်းအများစုသည် ပြောင်းရွှေ့သွားကြတော့သည်။ ရှန်အန်းနှင့် ဆွန်းလင်တို့သည် ဝင်ငွေနည်းပါးသဖြင့် မိသားစု ငါးယောက်သည် သေးငယ်ကာ ယိုယွင်းနေသည့်အိမ်တွင်သာ နေနိုင်လေသည်။

အိမ်ရာအဆောက်အအုံ၏အောက်ဖက် ထောင့်၌ သစ်ပင်အနည်းငယ်စိုက်ထားသည့် ခြံငယ်လေးတစ်ခု ရှိသည်။ ခြံတံခါး၏အပြင်ဘက်တွင် မဲမှောင်ကာ စိုထိုင်းနေသည့် လမ်းကြားလေးကတဆင့် မိန်းလမ်းကို ရောက်နိုင်သည်။

ရှန်ယွဲ့သည် သူမ၏ပတ်ဝန်းကျင်ကို သေချာကြည့်ရှုလိုက်ပြီး ယုံကြည်မှုရှိသလို ခံစားလိုက်ရသည်။ သူမသည် သွေးပူအောင်လုပ်လိုက်ပြီး ရွရွလေး စ,ပြေးလိုက်တော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now