အပိုင်း ( ၅) အမဲဖျက်ခံရတော့မယ့်သိုးတစ်ကောင်

Start from the beginning
                                    

ငါရဲ့ဒီမောင်လေးက ငါ့အတွက် တကယ်ပဲ ပြောခဲ့တာတဲ့လား။ ထူးဆန်းပါပေ့။

"ဘာလို့လဲ"

ဆွန်းလင်သည်လည်း အံ့ဩသွားတော့သည်။ သူမကိုဆန့်ကျင်သူမှာ ရှန်ယွဲ့ သို့မဟုတ် ရှန်အန်းသာဖြစ်ခဲ့လျှင် အစောကြီးကတည်းက သူမ ပေါက်ကွဲပြီးသားပင်။ သို့သော် သည်ထက်မြက်သည့်သား ကို ရင်ဆိုင်ရလျှင်တော့ သူမသည် အမြဲတစေ လွန်စွာစိတ်ရှည်တတ်လေသည်။

မိသားစုတစ်ခုလုံး၏အကြည့်အောက်တွင် ရှန်ချန်၏ အမူအရာသည် ခဏတာ အနည်းငယ် မသက်မသာဖြစ်သွားသည်။ သူသည် ဘေးတွင် မျက်နှာသေဖြင့်ရှိနေသည့် ရှန်ယွဲ့ကို မနေနိုင်တော့ဘဲ ကြည့်လိုက်၏။ သူဆက် ပြောလိုက်၏။

" အမမှာ ကျောင်းဆက်တက်ရမယ့် အခွင့်အရေးရှိတယ်လေ၊ ဒါက ဖယ်ဒရယ်စည်းမျဥ်းတစ်ခုပဲ၊ ကျွန်တော်တို့မိသားစု အမကိုကျောင်းထွက်ခိုင်းတာ တခြားလူတွေသာသိသွားရင် ကျွန်တော်တို့မိသားစုကို တိုင်ကြလမ့်မယ်၊ ဒါဆို ပြဿနာတက်မှာ"

သည်နေ့ခေတ်တွင် ဖယ်ဒရယ်မှာ ပြဋ္ဌာန်းထားသည့် ဥပဒေများကို အားလုံးက လိုက်နာရလေသည်။ ရှန်ချန်၏ အကြောင်းပြချက်က ပြီးပြည့်စုံနေတော့သည်။

သူမသည် ဖယ်ဒရယ်၏ အပြစ်ပေးခံရမည့်အရေးကို တွေးလိုက်ပြီး ဆွန်းလင်သည် ခဏတာ စဥ်းစားလိုက်ပြီးနောက် တွေဝေသွားတော့သည်။

" ဒါပေမယ့် သူက အဲလောက်ထိုင်းတာ၊ ကျောင်းဆက်တက်ရင် ငွေအလကားကုန်တာပဲ အဖတ်တင်မှာ၊ သူ အိမ်မှာပဲ နေပြီး အလုပ်လုပ်သင့်တာကို၊ အပြင်ထွက်စရာမလိုတော့ သူ့ဟာသူလည်း အရှက်မကွဲတော့ဘူးပေါ့၊ ဒါက သူ့အင်အားကို သက်သာရာကျသေးတယ်...."

" ဒီအကြောင်း ပြောလို့ပြီးပြီလား"

အခြေအနေသည် ကပ်သီးကပ်ဖဲ့ဖြစ်လာသည်ကို သိလိုက်ရပြီးနောက် ရှန်ယွဲ့သည် သည်းခံနိုင်စွမ်း လုံးဝကုန်သွားတော့သည်။ သူမ၏လက်ပေါ်က ဖုန်များကို ခါလိုက်ပြီး အေးဆေးစွာ ပြောလိုက်လေသည်။

" ဘယ်လိုပဲ ဆုံးဖြတ် ဆုံးဖြတ်၊ သမီးကတော့ ကျောင်းဆက်သွားမှာပဲ၊ ကျောင်းလခကို ကိုယ်တိုင်ရှာမယ်၊ မိသားစုဆီက တောင်းမှာမဟုတ်ဘူး၊ မိသားစုဝင်တစ်ယောက်အနေနဲ့ လုပ်ရမယ့် အိမ်အလုပ်အားလုံးကို လုပ်ပေးမယ်၊ သမီးရဲ့အလုပ်မဟုတ်ဘူးဆိုရင်တော့ ဓားထောက်ပြီး အတင်းလုပ်ခိုင်းလဲ အပိုပဲ"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now