အပိုင်း (၂) ပြန်လည်မွေးဖွားခြင်း

Začít od začátku
                                    

သူမသည် ရှန်ယွဲ့ထံသို့ အဝတ်အစားများ ပစ်ပေးလိုက်၏။ ဆွန်းလင်သည် ဒေါသထွက်နေဆဲ။ သူမသည် ရှန်ယွဲ့၏နှာခေါင်းကို လက်ညိုးထိုးကာ ဆဲဆိုနေတော့သည်။

" နင်လေ စောစောနိုးလာတာဖြစ်ဖြစ် ၊ နောက်ကျမှ နိုးလာတာဖြစ်ဖြစ် ဘာလို့မလုပ်ခဲ့တာလဲ၊ ငါ တစ်ခြားလူတွေနဲ့ ငွေစကားပြောနေတဲ့အချိန်ကျမှ ဘာလို့ နိုးလာရတာလဲ၊ နင်ကလေ ငါတို့မိသားစုကို အလကားနေရင်း ယွမ်သိန်းချီဆုံးရှုံးအောင် လုပ်ခဲ့တာ၊ ဒုက္ခပေးတဲ့ဟာ ဘာလို့ ကိုယ့်ဟာကိုယ် ရေနစ်ပြီး တန်းမသေလိုက်တာလဲ၊ အသက်ရှင်နေတာထက် အသီးအရွက်ဖြစ်သွားတာတောင် ပိုကောင်းသေးတယ်..."

" ဟုတ်ပါပြီ၊ ဟုတ်ပါပြီ၊ မိန်းမရယ် ဆဲဆိုတာ ရပ်ပါတော့၊ အိမ်မြန်မြန်ပြန်ရအောင်နော်"

ရှန်အန်းသည် အကြံပေးလိုက်၏။

ရှန်ယွဲ့သည် ဆွန်းလင်၏ ဆူဆဲမှုကို သည်းခံလိုက်ပြီး တိတ်ဆိတ်ကာ အဝတ်လဲလိုက်လေသည်။ မူလပိုင်ရှင်မှတ်ဉာဏ်များမှတဆင့် သူမ၏မိခင်သည် အကျင့်ယုတ်ဆုံးနှင့် သူမကို အမုန်းဆုံးဖြစ်မှန်း သူမ သိထားလေသည်။ သူမသည် ပြန်ချေပရဲလျှင် ဆွန်းလင်က သူမကို တစ်နေ့လုံး ဆဲဆိုနေပေလိမ့်မည်။

ထို့ကြောင့် ယခုအချိန်၌ သူမသည် တိတ်ဆိတ်နေသည်က အကောင်းဆုံးဖြစ်လေသည်။ ရှန်ယွဲ့သည် မြန်မြန် လှုပ်ရှားလိုက်ပြီး မြန်မြန်ထုပ်ပိုးလိုက်ကာ ဆေးရုံဆင်းသည့်လုပ်ထုံးလုပ်နည်းများကို ပြီးစီးအောင် လုပ်လိုက်တော့သည်။

ရှန်ယွဲ့သည် အိမ်ပြန်ရောက်ချိန်၌ ချွေးများဖြင့် ရွှဲနစ်နေတော့သည်။ သည်ခန္ဓာကိုယ်သည် အမှန်ပင် အားနည်းလေသည်။ ကြည့်လိုက်လျှင် အလွန်သန်မာသည် ထင်ရသော်လည်း အမှန်တွင်တော့ ခန္ဓာကိုယ်တစ်ခုလုံးတွင် အဆီများသာ ရှိလေသည်။ အလွန်ချိနဲ့လွန်းရာ လေတစ်ချက်အတိုက်တွင် လဲကျသွားနိုင်လေသည်။

ရှန်ယွဲ့အမြင်တွင် မူလခန္ဓာကိုယ်ပိုင်ရှင် မိသားစု၏ ပတ်ဝန်းကျင်သည် စိတ်ပျက်စရာ အကောင်းဆုံးပင်။ သူမ၏အမေသည် သူမကို ဆဲဆို အမိန့်ပေးပြီး သူမ၏ညီမလေးသည် သူမကို ရွံ့ရှာကာ မုန်းတီးကာ သူမ၏မောင်လေးကတော့ သူမကို ဂရုမစိုက်သလို သူမ၏အဖေသည် မိန်းမကြောက်ရာ သူမ၏နာကျင်မှုကို မျက်ကွယ်ပြုထားလေသည်။ ပိုင်ရှင်သည် နေ့တိုင်းပင် စိတ်သောကများဖြင့် သေသည်ထက်ဆိုးသည့် ဘဝဖြင့် နေခဲ့ရလေသည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Kde žijí příběhy. Začni objevovat